"မန်းသင်္ကြန် နွေနေပူကို ကုသိုလ်တော် ခရေရိပ်မှာ ခိုရအောင်"

"မန်းသင်္ကြန် နွေနေပူကို ကုသိုလ်တော် ခရေရိပ်မှာ ခိုရအောင်"

သင်္ကြန်နွေအပူကိုရှောင်ဖို့ မန္တလေးမြို့နဲ့အနီးဆုံး နေရာလေးတစ်ခုကို မဇ္ဈိမကနေ ညွှန်ချင်ပါတယ်။ အဓိက ညွှန်ချင်တဲ့နေရာကတော့ မန္တလေးတောင်ခြေမှာရှိတဲ့ ကုသိုလ်တော် ဘုရားဝင်းပါပဲ။

မြန်မာပြည်အနှံ့က ထူးခြားတဲ့ မန္တလေးသင်္ကြန်ကို လာရောက်လည်ပတ်သူများအနေဖြင့် မန္တလေးသင်္ကြန်နွေကို ကြံုတွေ့ရစမြဲပါ။

နွေနေပူပူအောက် ရေပူပူတွေနဲ့ကစားပြီးရင် အပူခိုဖို့နေရာ အလွန်အင်မတန်ရှားပေမယ့် မန်းတောင်ရိပ်ကို ခိုလိုက်မိတာနဲ့ တစိမ့်စိမ့်အေးသွားတဲ့ အရသာကိုလည်း မန္တလေးသင်္ကြန်ကို ကြံုဖူးသူတိုင်း သိကြပါတယ်။

ကုသိုလ်တော်ဘုရားကို ဖူးမျှော်ရင်း ခရေနံ့တသင်းသင်းနဲ့ခရေရိပ်ပဲခိုခို၊ ဇရပ်ပေါ်တွေမှာပဲနားနား၊မိသားစုလိုက်လည်းရတယ်။ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်းရတယ်။

အေးအေးချမ်းချမ်း၊ အန္တရာယ်ကင်းကင်း သင်္ကြန်ကိုဖြတ်သန်းလို့ရပါတယ်။ ကုသိုလ်တော်ဘုရားဟာ ကျံုးနဲ့လည်းနီးတော့ ရေပက်ခံထွက်မလား ရပါတယ်။ မန္တလေးတောင်ပေါ်တက်မလား ရပါတယ်။

အဲဒီ့အနီးပတ်ဝန်းကျင်မှာ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရား၊ သတ္တဌာန ရ ဌာန၊ အတုမရှိကျောင်း၊ ရွှေ​ကျောင်းကြီး၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ် ဘယ်နေရာကိုသွားသွား စက္က္တန့်ပိုင်းအတွင်း အရောက်သွားလို့ရပါတယ်။

ဒီနှစ် ရတနာပုံ တိရိစ္ဆာန်ဥယျာဉ်ရှေ့မှာ IC လည်း ရှိနေမှာဆိုတော့ ပြောစရာကို မလိုတော့ပါဘူး။

မိဘ၊ ဆရာသမား၊ ဘိုးဘွားတွေပါလာရင်လည်း ကုသိုလ်တော်ဘုရားအရှေ့ဘက်မှာရှိ ကုသိုလ်တော်တရားရိပ်သာမှာ ဝင်ရောက် တရားဘာဝနာ အားထုတ်လို့ရပါတယ်။

နယ်ကနေ သင်္ကြန်လည်ပတ်ရင်း ဘုရားဖူးလာရောက်လည်ပတ်သူများအနေဖြင့် မိုးထိတိုက်နှင့် ဦးခန္တီကျောင်းတိုက်တို့မှာ နားခိုလို့ရပါတယ်။

ဦးခန္တီိပြတိုက်၊ အင်ကြင်းတောဘုရား၊ ဘီလူးထမ်းတောင်၊ ပတ္တမြားတောင်တော်၊ ဆေးဒါန်းတောင်၊ရွှေတောင်ကြား စတဲ့ နေရာတွေကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly