Pool Party တွင် ၁၈ နှစ် မပြည့်သေးသူများကို လက်မှတ်ရောင်းချမည်မဟုတ်

Pool Party တွင် ၁၈ နှစ် မပြည့်သေးသူများကို လက်မှတ်ရောင်းချမည်မဟုတ်

ရန်ကုန်၊ ဧပြီ ၈ ။         ။ ဧပြီလ ၉ ရက်တွင် ပြုလုပ်မည့် DJ နှင့် ဘီယာဘား ပါ၀င်သည့် Pool Party တွင် အသက် ၁၈နှစ်အောက် လူငယ်များကို လက်မှတ်ရောင်းချမည် မဟုတ်ကြောင်း သိရသည်။

 “အစ်မတို့ဆီမှာလုပ်တဲ့ပွဲတိုင်းက Teenage တွေ လာတာများတယ်။ အသက် ၁၈နှစ်ကနေ အထက် လာပါတယ်ရှင့်။ DJ နဲ့ ကမယ် ဘီယာဆိုလည်း Free Flow ပါမှာဆိုတော့ ကလေးတွေအနေနဲ့ မသင့်တော်ဘူးလို့ အစ်မထင်ပါတယ်။ ဆယ်ကျော်သက်ကနေစပြီးတော့ အရွယ်ရောက်ပြီးသားလူတွေကို အစ်မတို့လက်ခံထားပါတယ်ရှင့်” ဟု ပွဲကျင်းပသည့် Jasmine Palace ဟိုတယ်မှ   စျေးကွက်ဒါရိုက်တာ မနော်နှင်းဆီက မဇ္စျိမကို ပြောသည်။

Pool Party ဆိုသည်မှာ နွေရာသီတွင် ခေတ်စားသော ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရေပန်းစားလာသည်မှာ မကြာသေးပေ။ ရေကူးကန်တွင် သူငယ်ချင်းများနှင့်အတူ ပျော်ပါးကခုန်ရင်း ကစားနည်းမျိုးစုံကို ကစားကြသည့်ပါတီမျိုး ဖြစ်သည်။

“အဓိက ကတော့အစ်မတို့ ရေကူးကန်ထဲမှာ Foam (အမြှုပ်) တွေ ထည့်ထားပြီးတော့မှ ဂိမ်းတွေဆော့တယ်။ အကတွေ ပါတာပေါ့နော်။ အဲဒီအပေါ်မှာ အစ်မတို့က ဆုတွေ ချတာတွေ ပြီးရင် တစ်ခြားပျော်ပွဲရွှင်ပွဲတွေ ပါပါတယ်။ ဒီနှစ်မှာ ပိုထူးခြားတာကကျတော့ Celebrity နဲ့ပေါင်းပြီးတော့မှ ArT ကလည်း သူ့ရဲ့ Album အသစ်ကို မိတ်ဆက်ချင်တာနဲ့ သူ့ရဲ့သီချင်းလေးတွေ တင်ဆက်ဖို့ ပါပါတယ်။ ပြီးတော့ Ar T နဲ့လိုက်ဖက်ညီတဲ့ DJ ဝိုင်း ကိုလည်း ဖိတ်ခေါ်ထားပြီးမှ အတူပူးပေါင်းဖြစ်တာပါ” ဟု မနော်နှင်းဆီက ပြောသည်။

Pool Party ကို ယခုလ ၉ ရက် ညနေ ရ နာရီမှ ည ၁၁ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကို တစ်ယောက်လျှင် တစ်သောင်းခွဲသတ်မှတ်ထားပြီး VIP ဆိုလျှင် ကျပ် တစ်သိန်းခွဲထိရှိသည် ဟုသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags