Entertainment Weekly အစီအစဉ် သတင်းထောက်အဖြစ် တွမ်ခရုစ်ကို အင်တာဗျူးသွားမယ့် Girls’ Generation အဖွဲ့ဝင် Tiffany

Entertainment Weekly အစီအစဉ် သတင်းထောက်အဖြစ် တွမ်ခရုစ်ကို အင်တာဗျူးသွားမယ့် Girls’ Generation အဖွဲ့ဝင် Tiffany

ဆိုးလ်၊ ဇူလိုင် ၂၉ ။       ။ ဟော်လိဝုဒ်မင်းသားကြီး တွမ်ခရုစ်သည် မကြာမီ ထုတ်လွှင့်ပြသမည့် Mission: Impossible_ Rogue Nation ဇာတ်ကား အရောင်းမြှင့်တင်ရေး ခရီးစဉ်အဖြစ် ကိုရီးယားနိုင်ငံသို့ အလည်အပတ် လာရောက်စဉ်အတွင်း Girls’s Generation အဖွဲ့ဝင် Tiffany သည် တွမ်ခရုစ်နှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

Tiffany သည် KBS ရုပ်သံ၏ ဖျော်ဖြေရေး သတင်းအစီအစဉ် Entertainment Weekly အထူး သတင်းထောက်အဖြစ် တွမ်ခရုစ်ကို တွေ့ဆုံမေးမြန်းသွားမည် ဖြစ်သည်။

ယခင်ကလည်း Girls’ Generation အဖွဲ့ဝင် Tiffany သည် တွမ်ဟက်ဒ်လက်စတန်မှ ဘရက်ပစ် အထိ အခြားသော လူသိများသည့် ဟောလိဝုဒ် အနုပညာရှင်များကို အင်တာဗျူးခဲ့ပြီး  ၎င်းသည် အင်္ဂလိပ် စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သူတစ်ဦး ဖြစ်သည်။

Mission: Impossible _Rogue Nation ဇာတ်ကားကို ဇူလိုင် ၃၀ ရက်တွင် ပွဲဦးထွက်ပြသရန် မျှော်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly