နှစ်ဘက် နားလည်မှုရရှိရန်အတွက် UNFC က ၀အဖွဲ့ထံ သွားရောက်တွေ့ဆုံဆွေးနွေးမည်

နှစ်ဘက် နားလည်မှုရရှိရန်အတွက် UNFC က ၀အဖွဲ့ထံ သွားရောက်တွေ့ဆုံဆွေးနွေးမည်

ချင်းမိုင်၊ဧပြီလ ရ ။         ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်များ မကြာမီ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ်သို့ သွားရောက်၍ နှစ်ဘက်နားလည်မှုရရှိရေး အတွက် သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

ဧပြီလ ၃ ရက်မှ ၅ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပသော အစည်းအဝေးတွင် ဝ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များ ချမှတ်ထားခြင်း ဖြစ်သည်။

“အစီအစဉ်တော ့ချထားတယ်။ ဒါပေမယ့် ဘယ်သူသွားမလဲ။ ဘယ်နေ့သွားမယ်ဆိုတာ မသိသေးဘူး။ အားလုံးက အလုပ်များနေကြတယ်။ သဘောက အန်ကယ်တို့ ရပ်တည်ချက်နဲ့သူတို့ ရပ်တည်ချက် အပေါ်မှာ နည်းနည်း အပြန်အလှန် နားလည်မှု ရှိဖို့ ၊ နှစ်ဘက် နားလည်မှု ရှိဖို့၊ အထင်အမြင်မမှားကြဖို့ပါ”ဟု နိုင်ဟံသာက မဇ္စျိမကို ပြောသည်။

ယခုရက်ပိုင်းအတွင်း အစည်းအဝေးများဖြင့် အလုပ်များနေကြသည့် သွားရောက်တွေ့ဆုံမည့်နေ့နှင့် မသတ်မှတ်ရသေးသဖြင့် သင်္ကြန်ပြီးနောက်ပိုင်းမှ သွားရောက်နိုင်ဖွယ်ရှိသည်ဟု သူက ပြောသည်။

ပန်ဆန်းအစည်းအဝေး သဘောတူညီချက်အရ မြောက်ပို်ငးမဟာမိတ်အဖွဲ့နှင့် ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)တို့က NCA လမ်းကြောင်းအတိုင်း မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးရေးလမ်းကြောင်းအတိုင်း ဆက်သွားရန် ဆုံးဖြတ်ခဲ့သည်။

UNFC ကလည်း NCA အရ နိုင်ငံရေးဆွေးနွေးမှုဆက်သွားရန် ဧပြီလ ၃ ရက်နေ့ ကျင်းပသော UNFC ၏ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့မှုအပေါ် နှစ်ဖက် နားလည်မှု မလွဲမှားစေရန် သွားရောက် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

မနက်ဖြန် ဧပြီလ ၈ ရက်မှ ၉ ရက်အထိ UNFC မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရ ဖွဲ့နှင့် NCA ၈ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်တို့ မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags