အဖွဲ့ဝင်ဂျန်ကေ ဒဏ်ရာရရှိထားသော်လည်း ဖျော်ဖြေပွဲအသစ်ကျင်းပမည့် 2PM အဖွဲ့

အဖွဲ့ဝင်ဂျန်ကေ ဒဏ်ရာရရှိထားသော်လည်း ဖျော်ဖြေပွဲအသစ်ကျင်းပမည့် 2PM အဖွဲ့

2PM အဖွဲ့သည် လာမည့်ဇွန်လတွင် ဂီတဖျော်ဖြေပွဲ တင်ဆက်သွားရန်စီစဉ်နေပြီး ဒဏ်ရာရရှိထားသော အဖွဲ့ဝင် ဂျန်ကေလည်း ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ ရ ရက်နေ့တွင် JYP Entertainment ၏ ထုတ်ပြန်ကြေညာချက်အရ 2PM သည် “ 2PM Concetrt ‘6 Nights” ဟု အမည်ပေးထားသော ဖျော်ဖြေပွဲအား လာမည့် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်.

အဆိုပါဖျော်ဖြေပွဲသည် ပြီးခဲ့သော ဖေဖေါ်ဝါရီလက အဖွဲ့ဝင် ဂျန်ကေဒဏ်ရာရရှိမှုကြောင့် ပယ်ဖျက်ခဲ့ရသည့် ပွဲအစား ပြန်လည်ဖျော်ဖြေမည့် အစီအစဉ်ဖြစ်သည်။ 2PM သည် နဂိုက ပြီးခဲ့သော မတ်လ ၃ ရက်နှင့် ၅ ရက်နေ့ များတွင် သီဆိုဖျော်ဖြေရန် စီစဉ်ထားခဲ့သော်လည်း လွန်ခဲ့သော ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က အဖွဲ့ဝင် ဂျန်ကေ ဒဏ်ရာရရှိခဲ့သောကြောင့် အစီအစဉ်အား ပယ်ဖျက်ခဲ့ရသည်။.

“ဂျန်ကေက မတော်တဆ ဒဏ်ရာရရှိခဲ့တာကြောင့် ကျနော်တို့ ဂီတဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ သို့သော်လည်း 2PM အဖွဲ့အပေါ် ယုံကြည်ထားပြီး အမြဲတမ်းအားပေးလာသည့် ပရိသတ်များအတွက် လာမည့်ဇွန်လမှာ ကျနော်တို့ ဖျော်ဖြေပွဲ ပြန်လည်ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျန်ကေ ဟာ ဆေးပညာရှင်များနှင့် ကုထုံးများ ကုသခံယူနေပြီး လာမည့်ဖျော်ဖြေပွဲမှာ ပါ၀င်တက်ဆက်သွားမှာဖြစ်ပါ တယ်” ဟု JYP Entertainment က ထုတ်ပြန်ကြေညာခဲ့သည်။

2PM အဖွဲ့ဝင်များသည် တစ်ကိုယ်တော် အနုပညာလုပ်ငန်းများ၊ သီချင်းသီဆိုမှုများ၊ မင်းသားများအဖြစ် ရုပ်ရှင် ရိုက်ကူးမှုများကို အချိန်ကြာမြင့်စွာ လုပ်ကိုင်နေခဲ့သောကြောင့် ယခုဂီတဖျော်ဖြေပွဲသည် ပရိသတ်များအနေဖြင့် ရော၊ အဖွဲ့ဝင်များအနေဖြင့်ပါ ပြန်လည်ဆုံဆည်းကြမည့် ပွဲတစ်ခုဖြစ်သည်။

ဖျော်ဖြေပွဲလက်မှတ်များကို လာမည့်ဧပြီလ ၂၄ ရက်နေ့တွင် တရားဝင်ပရိတ်သတ် အဖွဲ့ဝင်များအတွက် Interpark မှတဆင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အများတကာအတွက်ကို ဧပြီလ ၂၇ ရက်နေ့တွင် စတင် ရောင်းချပေးသွားမည်ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly