မန်းလမ်းလျှောက်သင်္ကြန်လုံခြံုရေး CCTV ကင်မရာ ၁၂၁ လုံးတပ်ဆင် အသုံးပြုမည်

မန်းလမ်းလျှောက်သင်္ကြန်လုံခြံုရေး CCTV ကင်မရာ ၁၂၁ လုံးတပ်ဆင် အသုံးပြုမည်

မန္တလေး၊ဧပြီ ရ ။             ။ မန္တလေးလမ်းလျှောက်သင်္ကြန်ကျင်းပမည့် ၂၆လမ်း၊ လမ်းတစ်လျှောက်တွင် လုံခြံုရေးအတွက် CCTV ကင်မရာ ၁၂၁ လုံးတပ်ဆင် အသုံးပြုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယခုနှစ်မှ စတင်သည့် လမ်းလျှောက်သင်္ကြန်လုံခြံုရေးအတွက် CCTV ကင်မရာများ တပ်ဆင်အသုံးပြုထားမှုကို စည်ပင်သာယာရေးကော်မတီဝင်များက ဧပြီလ ၆ ရက်နေ့မှစတင်၍ စစ်ဆေးမှုများပြုလုပ်လုပ်လျှက်ရှိသည်။

လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်မည့် ၂၆ လမ်း၊ ၆၉ လမ်းနှင့် ရ၁ လမ်းကြားတွင် ရေကစားမဏ္ဍပ် ၅ ခု၊ ရ၃ လမ်းနှင့် ရ၈ လမ်းကြားတွင် ရေကစားမဏ္ဍပ် ၁၉ ခုဖြစ်ပြီး စတုဒီတာမဏ္ဍပ်များလည်း ပါဝင်မည်ဟု စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ဒုဦးစီးမှူး ဒေါ်သီသီထွေးက ဆိုသည်။

အဆိုပါ ကင်မရာများကို သင်္ကြန်ပြီးလျှင်လည်း ပြန်လည်ဖြုတ်သိမ်းသွားမည် မဟုတ်ဘဲ မြို့လုံခြံုရေးအတွက် အမြဲတမ်းတပ်ဆင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် CCTV ကင်မရာများကို မန္တလေးတစ်မြို့လုံး လွှမ်းခြံုတပ်ဆင်နိုင်ရေးအတွက်လည်း စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်တွင် မဏ္ဍပ်များတည်ဆောက်ရန် ဧပြီလ ၁၀ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly