ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ ကျော်ကြားသူတစ်ဦးအဖြစ် နေထိုင်ရသောဘဝပုံစံအား ပြောပြခဲ့သည့် ခရစ္စအီဗန်

ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ ကျော်ကြားသူတစ်ဦးအဖြစ် နေထိုင်ရသောဘဝပုံစံအား ပြောပြခဲ့သည့် ခရစ္စအီဗန်

Captain America ကဲ့သို့ စူပါဟီးရိုးသရုပ်ဆောင်အဖြစ် လူသိများသော မင်းသားခရစ္စအီဗန်အား သူ၏ နောက်ဆုံးရိုက်ကူးထားသော Gifted ရုပ်ရှင်ထဲ၌ ကွဲပြားခြားနားသော ဇာတ်ရုပ်တစ်ရုပ်အနေဖြင့် မြင်တွေ့ရမည် ဖြစ်ပြီး ထိုဇာတ်ကားနှင့် ပတ်သက်သော အင်တာဗျူးတစ်ခု၌ ဒီဂျစ်တယ်ခေတ်ကြီးထဲတွင် ကျော်ကြားသူတစ်ဦး အဖြစ်ရှင်သန်နေရသည့် အခြေအနေအား ပြောပြခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ကူကလက်ကလန် (KKK) အဖွဲ့ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သော ဒေးဗစ်ဒုခ်နှင့် တွစ်တာပေါ်၌ စကားများခဲ့သော ခရစ္စအီဗန်က အများပြည်သူသည် ကျော်ကြားသူများအား စေ့စေ့စပ်စပ် စောင့်ကြည့်နေကြသောကြောင့် သူတို့အနေဖြင့် စကားအပြောအဆိုတွင် အမြဲလိုလို သတိကြီးကြီးထားရ ကြောင်းပြောခဲ့သည်။

“တကယ်လို့ ခင်ဗျားဟာ တစ်ခုခုလုပ်တော့မယ် ဒါမှမဟုတ် ပြောတော့မယ်ဆိုရင် အဲ့ဒီ ပြောလိုက်လုပ်လိုက်တဲ့ အတိုအထွာလေးတွေကို သူတို့ကယူပြီး တကယ့်ဖြစ်ရပ်မှန်ကိုမသိဘဲနဲ့ အကြီးကြီးဖြစ်အောင် ချဲ့ကားလိုက်ကြ တာပါပဲ။ အဲ့ဒါဟာ လူအများကို ဆိုးသွမ်းသူကြီးဖြစ်စေပါတယ်” ဟု သူက ပြောခဲ့သည်။

“သရုပ်ဆောင်များနှင့်တကွ အများပြည်သူတွေဟာ အမြဲတမ်း စောင့်ကြည့်ခံနေရတာကြောင့် ပိုပြီးသတိရှိရှိ နေထိုင်နေရပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

မကြာခင်ထွက်ရှိတော့မည့် သူ၏ ဇာတ်ကားသစ် Gifted ထဲ၌ အီဗန်သည် ညီမဖြစ်သူက ကိုယ့်ကိုယ်ကို သတ်သေသွားသောကြောင့် ကျန်ရစ်ခဲ့သည့် အထုံပါရမီရှိသော တူမလေးကို စောင့်ရှောက်ရသည့် ဦးလေးကြီးဖရန့်အဖြစ် သရုပ်ဆောင်ထားသည်။ ထိုဇာတ်ကားကို လာမည့်ဧပြီလ ရ ရက်နေ့တွင် စတင် ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly