ဒုတိယမြောက်ရုပ်ရှင်ကားရိုက်ဖို့ ပြင်ဆင်နေတဲ့ ဒါရိုက်တာအောင်မြတ်

ဒုတိယမြောက်ရုပ်ရှင်ကားရိုက်ဖို့ ပြင်ဆင်နေတဲ့ ဒါရိုက်တာအောင်မြတ်

ရန်ကုန်၊ ဧပြီ ရ ။          ။ အမိုက်စား သီချင်း MTV များကို ဖန်တီးတတ်သည့် ဒါရိုက်တာအောင်မြတ်အနေဖြင့် ဒုတိယမြောက်ရုပ်ရှင်ကားကို စတင်ရိုက်ကူးတော့မည်ဖြစ်ပြီး ပုညခင်ရဲ့ “အနောက်တောင်အရပ်မှ လာခဲ့သူ” ဖြစ်သည်ဟု ဆိုလာသည်။

“နောက်ရိုက်မယ့်ရုပ်ရှင်ကားကြီးအတွက် စပြီးတော့ပြင်ဆင်နေတယ်။ အခုရိုက်ဖို့ ပြောထားတာလည်း အနောက်တောင်အရပ်မှလာခဲ့သူ ဇာတ်ကားပေါ့နော်။ သူကဇာတ်အိမ်ကလည်း ကြီးတယ်။ ပြီးတော့ ပြင်ဆင်ရမယ့် အပိုင်းတွေကလည်း အများကြီးရှိတဲ့အတွက် အခုတည်းက ကြိုပြီးတော့ပြင်ဆင်နေရပါတယ်။ အဓိက ကတော့ Pre Production စိတ်ချရမှသာ ကျွန်တော်တို့ရိုက်ကူးမှုက အဆင်ပြေမှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းကိုပဲ အာရုံစိုက်ပြီး လုပ်နေပါတယ်” ဟု ဒါရိုက်တာအောင်မြတ်က မဇ္စျိမကို ပြောသည်။

ရိုက်မည့်အချိန်နှင့် ပတ်သက်ပြီး “ရိုက်ဖို့ကတော့ ကျွန်တေ်ာတို့ သေချာကြီး မှန်းထားလို့တော့ မရသေးဘူးဗျ။ အခုကတော့ အားလုံးကို အသေးစိတ် စီစဉ်နေရတယ်။ Location တွေကအစ ပြီးတော့ ပါမယ့် Crew တွေကအစ ပိုပြီးတော့ Strong ဖြစ်အောင် လုပ်ချင်တယ်။ ပြီးတော့ ဒီဇာတ်ကိုလည်း ကျွန်တော်ကိုယ်တိုင် အရမ်းအားထားတဲ့အတွက် အတိမ်းအစောင်းကို နည်းသထက်နည်းအောင် အကောင်းဆုံး ဖြစ်အောင်ကျွန်တော်ကြိုးစားချင်ပါတယ်”ဟု ပြောသည်။

ဒါရိုက်တာအောင်မြတ်၏ ပထမဆုံးရုပ်ရှင်ကားကြီးမှာ အောင်ရဲလင်းနှင့် ဝတ်မှုံရွှေရည် တို့ ပါဝင်သရုပ်ဆောင်ထားသည့် အနမ်းဝိုင်ရုပ်ရှင်ကားကြီးဖြစ်ပြီး ပုညခင်၏ ဝတ္ထုဖြစ်ကာ ထိုရုပ်ရှင်ကားကြီးကို ရုံတင်ရက်စောင့်နေခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly