မန္တလေးမြို့တွင် တည်ဆောက်နေသည့် မဏ္ဍပ်များကို စည်းမျဉ်းစည်းကမ်းနှင့်အညီ တည်ဆောက်မှု ရှိမရှိ စစ်ဆေးနေ

မန္တလေးမြို့တွင် တည်ဆောက်နေသည့် မဏ္ဍပ်များကို စည်းမျဉ်းစည်းကမ်းနှင့်အညီ တည်ဆောက်မှု ရှိမရှိ စစ်ဆေးနေ

မန္တလေး၊ ဧပြီ ရ ။              ။ မန္တလေးမြို့တွင် တည်ဆောက်လျက်ရှိသည့် မဏ္ဍပ်များအား စည်းမျဉ်းစည်းကမ်းနှင့် အညီ ကြံ့ခိုင်မှု၊ လုံခြံုမှုရှိအောင် တည်ဆောက်မှု ရှိမရှိကို (၂၀၁၇)ခုနှစ် ဧပြီ(၇)ရက် နံနက်(၈)နာရီက စစ်ဆေးမှုများအား စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုစစ်ဆေးမှုတွင် ပြန်လည်ပြုပြင်တည်ဆောက်ရန်လိုအပ်သော မဏ္ဍပ်များကို သင်္ကြန်မတိုင်မီ ပြုပြင်ရန် မှားကြားထားပြီး စည်းကမ်းနှင့်အညီ ပြုပြင်မှုရှိမရှိကိုလည်း ပြန်လည် စစ်ဆေးသွားမည်ဖြစ်သည်။

''ဒီနေ့ ကျံုးပတ်လည်၊ ကန်တော်ကြီး၊ တောင်သမန်နဲ့ မနော်ရမ္မံကွင်းမှ မဏ္ဍပ်တည်ဆောက်မှုတွေကို စစ်ဆေးနေတာပါ၊ ကြံ့ခိုင်မှု၊ လုံခြံုမှုရှိအောင် တည်ဆောက်ထားမှု ရှိမရှိကို စစ်ဆေးနေတာပါ။ လိုအပ်ချက်ရှိတဲ့ ပြုပြင်ဖို့လိုအပ်တဲ့ မဏ္ဍပ်တွေကို သင်္ကြန်မတိုင်ခင် ပြန်လည် ပြင်ဆင်တည်ဆောက်ခိုင်းထားပါတယ်။ စစ်ဆေးမှုတွေကို ရှောင်တခင် ဆက်လက်ပြုလုပ်သွားမှာပါ'' ဟု မန္တလေးသင်္ကြန် စီမံခန့်ခွဲရေး၊ လုံခြံုရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မန္တလေးမြို့၌ တည်ဆောက်လျက်ရှိသည့် မဏ္ဍပ်များမှာ မန္တလေးကျံုးအနောက်ဖက် (၈၀)လမ်းပေါ်တွင် မဏ္ဍပ်(၂)ခု၊ မန္တလေးကျံုး အေ့ရှဖက် (၆၆)လမ်းပေါ်တွင် မဏ္ဍပ်(၉)ခု၊ မန္တလေးကျံုး တောင်ဖက် (၂၆)လမ်းပေါ်တွင် မဏ္ဍပ်(၃)ခု၊ ကန်တော်ကြီးတွင် မဏ္ဍပ်(၁)ခု နှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များရှိ လမ်းသွယ်တချို့တွင် မိသားစုမဏ္ဍပ်များ တည်ဆောက်လျက်ရှိသည်။

''ဒီနှစ်ကစပြီး မန္တလေးသင်္ကြန်ကို ရိုးရားသင်္ကြန်၊ လူငယ်သင်္ကြန်စသည့်ဖြင့် နေရာသတ်မှတ်ပေးထားတဲ့အခါမှာ လုံခြံုရေးအပိုင်းအနေနဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ လုံခြံုရေး တင်းကြပ်ဆောင်ရွက်သွားမှာပါ။ ပြည်သူတွေအနေနဲ့ သူတစ်ပါးမနှောင်ယှက်ပဲ မိမိဘာသာပဲ ပျော်ပါးဖို့ မဏ္ဍပ်တွေက တာဝန်ရှိသူတွေအနေနဲ့လည်း မိမိမဏ္ဍပ်အတွင်းပိုင်းကို လုံခြံုရေး ယူသလို မဏ္ဍပ်ေ့ရှပြဿနာ တစ်စုံတစ်ခုပေါ်လာရင်လည်း သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းပေးစေချင်ပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ထွေအုပ်၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ စသည့် ပူးပေါင်းအဖွဲ့များက သင်္ကြန်လုံခြံုရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly