နိုင်​ငံ​ရေးအကျဉ်​းသားများအားလုံး သင်္ကြန်​မတိုင်​မီလွှတ်​ရန်​​တောင်​းဆို

နိုင်​ငံ​ရေးအကျဉ်​းသားများအားလုံး သင်္ကြန်​မတိုင်​မီလွှတ်​ရန်​​တောင်​းဆို

နိုင်​ငံ​ရေး အကျဉ်​းသားများ အားလုံး သင်္ကြန်​မတိုင်​မီ လွှတ်​​ပေးရန်​အတွက်​ ပဲခူးတိုင်​း ပြည်​ခရိုင်​ ပြည်​မြို့၌ နိုင်​ငံ​ရေးတက်​ကြွလှုပ််​ရှားသူကိုဝင်​းလှိုင်​က ဧပြီ ရ ရက်​​တွင်​ တစ်​ကိုယ်​​တော်​ ဆန္ဒပြ​တောင်​း ဆိုခဲ့သည်​။

"ဒီမိုက​ရေစီအစိုးရဆိုရင်​ နိုင်​ငံ​ရေးအကျဉ်​းသား​တွေကို လွှတ်​​ပေးပါ။ အစိုးရ ဂုဏ်​ရှိဖို့ အစိုးရသိက္ခာရှိဖို့ နိုင်​ငံ​ရေး အကျဉ်​းသား​တွေ လွှတ်​​ပေးပါ"ဟု နိုင်​ငံ​ရေးတက်​ကြွလှုပ်ရှားသူကိုဝင်​းလှိုင်​က ဆိုသည်​။

ပြီးခဲ့သည်​့ ၂၀၁၆ ခုနှစ်​ သင်္ကြန်​အ​လွန်​ကာလက  နိုင်​ငံ​တော်​သမ္မတ ၏ လွတ်​ငြိမ်​းချမ်​းသာခွင်​့အမိ်န်​့ ဖြင်​့ ကိုဝင်​းလှိုင်​အပါအဝင်​ နိုင်​ငံ​ရေးအကျဉ်​းသားအများအပြားလွတ်​​မြောက်​ခဲ့သည်​။

သို့သော်​ အလုပ်​သမားအ​ရေး ၊ လယ်​သမား အ​ရေး ဆန္ဒပြမှုများ အပါအဝင်​ နိုင်​ငံ​ရေး လှုပ်ရှားမှုပုံစံအမျိုးမျိုး ​ကြောင်​ ၂၀၁၆ ၁၇ ခုနှစ်​အတွင်​းထပ်​မံအကျဉ်​းကျခံရသူများအတွက်​ သမ္မတ ၏ လွတ်​ငြိမ်​းချမ်​းသာခွင်​့ ထပ်​မံ​တောင်​းဆိုခြင်​းဖြစ်​သည်​။

"သမ္မတကြီးဦးထင်​​ကျော်​ကိုယ်​တိုင်​တစ်​ချိန်​က နိုင်​ငံ​ရေးအကျဉ်​းသားပဲ ။ နိုင်​ငံ​ရေးအကျဉ်​းသားသမ္မတ ကြီးက နိုင်​ငံ​ရေးအကျဉ်​းသား​တွေ ဘာလို့ လွှတ်​မ​ပေးရဲတာလဲ။ သမ္မတကြီးက ပြယုဂ်တစ်​ခုသာဖြစ်​ပြီး၂၀၀၈ ဖွဲ့ စည်​းပုံအ​ခြေခံဥပ​ဒေ​အောက်​မှာပြားပြားဝပ်​​နေလို့လား"ဟု ကိုဝင်​းလှိုင်​က ​ဝေဖန်​သည်​။

ဦး​နေဝင်​း အစိုးရ ၊ဦးသန်​း​ရွှေ အစိုးရ ၊  ဦးသိန်​းစိန်​အစိုးရ လက်​ထက်​တွင်​ နိုင်​ကျဉ်​းများလွတ်​​မြောက်​​ရေး ​တောင်​းဆိုမှုများရှိ​ခဲ့​သော်​လည်​း ယခု NLD အစိုးရလက်​ထက်​တွင်​ ​တောင်​းဆိုမIများ ​လျော့နည်​း လာခဲ့​ကြောင်​း ၄င်​းက ​ထောက်​ပြသည်​။ ​

ထို​နေ့နံနက်​ ၉နာရီအချိန်​က ပြည်​မြို့ဗိုလ်​ချုပ်​​ကျောက်​ရုုပ်​အနီး လူငယ်​့ရိပ်​မြံု စင်​တာရှေ့တွင်​ တစ်​ကိုယ်​​တော်​​ဟော​ပြောမှုများပြုလုပ်​ကာ "၂၀၀၈ဖွဲ့စည်​းပုံအ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး ဒို့အ​ရေး"  "နိုင်​ငံ​ရေးအကျဉ်​းသားများ လွတ်​​မြောက်​​ရေး တို့အ​ရေး" စသည်​့ ​ကြွေး​ကြော်​သံများကို​ကြွေး​ကြော်​ခဲ့သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly