ချယ်လ်ဆီးကစားသမားများ ချန်ပီယံဆုအကြောင်း ပြောဆိုခြင်းကို နည်းပြကွန်တီ ပိတ်ပင်ထား

ချယ်လ်ဆီးကစားသမားများ ချန်ပီယံဆုအကြောင်း ပြောဆိုခြင်းကို နည်းပြကွန်တီ ပိတ်ပင်ထား

ဧပြီ ရ၊ အင်္ဂလန် ။                     ။ ချယ်လ်ဆိးကစားသမားများ ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်းပြောဆိုခြင်းကို နည်းပြကွန်တီက ပိတ်ပင်ထားကြောင်း နောက်ခံလူ အက်စ်ပီလီကျူတာက ဖွင့်ဟပြောကြားလိုက်သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းသည် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်သို့ ရောက်ရှိနေသလို ပရီမီးယားလိဂ် ပွဲစဉ် ၃၁ ပြီးဆုံးချိန်၌ ရမှတ် ရ၂ မှတ်ရရှိထားပြီး ဒုတိယနေရာမှ စပါးအသင်းကို ရ မှတ် ဖြတ်ထားနိုင်သည်။ လက်ရှိတွင် ချယ်လ်ဆီးနှင့် စပါးအသင်းတို့မှာ ပွဲ ၃၀ စီ ကစားထားကြပြီး လက်ကျန် ၈ ပွဲ ကစားရန် ကျန်ရှိနေသေးသည်။

‘နည်းပြက ကျွန်တော်တို့ကို ချန်ပီယံဆုအကြောင်းပြောဆိုတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကမှ အာဆင်နယ်ကို ၃ ဂိုးပြတ်ရှုံးပြီး ပြန်လာနိုင်ခဲ့လို့ပါ။

အသင်းတိုင်းက ချယ်လ်ဆီးအသင်းရဲ့နေရာကို လိုချင်နေကြပါတယ်။ အသင်းတိုင်းက ကျွန်တော်တို့အသင်း ရှုံးပွဲတွေ့ပြီး အမှတ်ဆုံးရှုံးမယ့်အချိန်ကို စောင့်နေကြတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။

ဒါပေမဲ့ အဆင့်တစ်နေရာနဲ့ ရာသီပြီးဆုံးသွားအောင်စွမ်းဆောင်ဖို့ ကျွန်တော်တို့မှာ လုံလောက်တဲ့အင်အားတွေရှိပါတယ်’ ဟု အက်စ်ပီလီကျူတာက ဆိုခဲ့သည်။

ချယ်လ်ဆီးအသင်းသည် လာမည့် စနေနေ့တွင် ဘုန်းမောက်အသင်းနှင့်အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ပြီး ထို့နောက် မန်ယူ(အဝေး)၊ ဆောက်သမ်တန်(အိမ်)၊ အဲဗာတန်(အဝေး)ပွဲစဉ်များ ဆက်တိုက်ကစားရမည် ဖြစ်သည်။

ရည်ညွှန်း သည်ဆန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly