ရခိုင်ဒေသ ပုဂ္ဂလိက သစ်တောအစီအစဉ်ကို ဒေသခံတို့ ကန့်ကွက်

ရခိုင်ဒေသ ပုဂ္ဂလိက သစ်တောအစီအစဉ်ကို ဒေသခံတို့ ကန့်ကွက်
ပုဂ္ဂလိက ကုမ္ပဏီတွေ ၂ဝ၁၅ ခုနှစ်အတွင်း လုပ်ပိုင်ခွင့်ရသွားတဲ့ထဲမှာ ဒေသခံတွေရဲ့အစုအဖွဲ့ပိုင် သစ်တောနယ်မြေတချို့ ပါဝင်သွားကြောင်း ရှင်းပြနေတဲ့ ကျိန္တလီမြို့နယ်ခွဲ၊ ဘိုကလေးကျောင်းကုန်းရွာမှ ဒေသခံတစ်ဦး

ကျိန္တလီ (Myanmar Now) -  ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်းသစ်မာစိုက်ခင်းလုပ်ကိုင်တဲ့ပုဂ္ဂလိကကုမ္ပဏီတချို့တောရှင်းသစ်ခုတ်မှုကြောင့်  သစ်တောထွက်ပစ္စည်းရှားပါး၊ ရာသီဥတုပြောင်းလဲလာတယ်လို့  မကြာသေးခင်ကတွေ့ခဲ့ရတဲ့ ဒေသခံများကပြောပါတယ်။

ကျိန္တလီမြို့နယ်ခွဲဘိုကလေးကျောင်းကုန်းကျေးရွာမှာနေထိုင်တဲ့ဦးစိန်ဝင်းကတောပြုန်းမှုနောက်ဆက်တွွဲအဖြစ် သဘာဝဘေးအန္တရာယ်ကလိုက်ပါလာတယ်လို့ ဆိုပါတယ်။

“သူတို့ ခုတ်တာက ၂ဝ၁၄ မှာ စခုတ်တာ။ ခုတ်ကတည်းကသူတို့ကလူအားစက်အားသုံးတာကိုး။ ခုတ်ပြီးမိုးတွင်းမှာပဲရေကြီးတာ။ တစ်သက်လုံးကမကြံုဘူးတဲ့ ရွာတွေရေမြုပ်တယ်။   ချောင်းတွေ၊မြောင်းတွေ ဆင််းတဲ့ရေကို ထိန်းမယ့်သစ်တော မရှိတဲ့အခါ ဒလဟောကျတာပေါ့။ သာယာကျွန်းဆိုတဲ့ ရွာဆိုရင် တစ်ရွာလုံးမြုပ်တာ”လို့ ဦးစိန်ဝင်းကပြောပါတယ်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ် ရရှိထားကြောင်း ပြသနေတဲ့ ကျိန္တလီမြို့နယ်ခွဲ၊ ဘိုကလေးကျောင်းကုန်းရွာမှ ဦးစိန်ဝင်း

သူနဲ့ တစ်ရွာတည်းနေထိုင်သူဦးကျော်ဆန်းကလည်းရေကြီးမှုကြောင့် လမ်းတံတားများသာမကစိုက်ပျိုးမြေပျက်စီးမှုနဲ့လည်းရင်ဆိုင်ရတယ်လို့ ရှင်းပြပါတယ်။

"မိုးတွင်းဘက်ရောက်တော့လယ်တွေနုန်းဖုံးသွားပြီးလယ်တော််တော်များများထွန်လို့မရတော့ဘူး"လို့ဦးကျော်ဆန််းကပြောပါတယ်။

တုန်းတောကျေးရွာမှ ကိုမြင့်အောင်ကတော့ ၂ဝ၁၅ နှစ်လယ်ပိုင်း နှစ်ရက်ကြာရေကြီးမှုကြောင့် သူ့ရဲ့လယ် ၂ ဧကပျက်စီးရတယ်လို့ ဆိုပါတယ်။

"နောက်နှစ်မှာ ရေမကြီးတော့ပေမဲ့ စပါးအထွက်နူန်း ကျသွားတယ်။ ကျွန်တော့်လယ်ဆိုရင် အရင်က တစ်ဧကကို တင်း၁၂ဝလောက်ထွက်ပေမယ့် အခုနှစ်မှာတော့ ၆ဝတောင် မပြည့်ချင်တော့ဘူး"လို့ ကိုမြင့်အောင်က ရှင်းပြပါတယ်။

လူလုပ် သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုလည်းရှိတယ်လို့ သူကဆိုပါတယ်။ 

"ဒိုက်တွေ၊သစ်တုံးတွေ၊ အမိူက်တွေကြောင့် အိမ်တွေလည်း ပျက်စီးသွားတယ်။ အသက်၃ဝလောက်ရှိတဲ့ လူတစ်ယောက်လည်း တုံးတွေဖယ်ရင််းနဲ့ တုံးပိပြီး ဆုံးသွားတယ်"လို့ ကိုမြင့်အောင်က   ပြောပြပါတယ်။

ပုဂ္ဂလိကကုမ္ပဏီတချို့ သစ်တောအပြောင်ရှင်းစနစ်နဲ့ လုပ်ကိုင်နေကြောင်းလွှတ်တော်ကိုတိုင်ကြားခဲ့ပြီးနောက်ပိုင်း ဂွမြို့နယ်ကသစ်တောအရာရှိတွေ လာရောက်စစ်ဆေးခဲ့တယ်လို့   ဒေသခံများက ဆိုပါတယ်။

ဒေသတွင်း မြို့များမှာ၂ဝဝ၈ ကအစပြုပြီးပုဂ္ဂလိက သစ်တော စိုက်ခင်း လုပ်ကိုင်ဖို့ ခွင့်ပြုပေးခဲ့ကြောင်း သံတွဲခရိုင် သစ်တောဦးစီးဌာနရဲ့မှတ်တမ်းများမှာဖော်ပြထားပါတယ်။သံတွဲမှာ  ၈၃ ဧက၊   တောင်ကုတ်မှာ ရ၄၇ ဧက၊ ဂွမှာ  ၉၅၆.၅ ဧက ခွင့်ပြုပေးခဲ့တာပါ။

သစ်တောတွေကနေရရှိတဲ့ ထင်း၊ မျောတိုင်၊ကြိမ်၊ နွယ်၊ ဝါး၊ မှို၊ မျှစ်၊ အသီးအရွက်မျိုးစုံ၊ ပျားရည် စတဲ့ သစ်တောထွက်ပစ္စည်းတွေကဒေသခံတို့ရဲ့စားဝတ်နေရေးကိုအထောက်အကူ ပြုခဲ့တာပါ။ ဒီတောတွေ ပုဂ္ဂလိကပိုင်ဖြစ်သွားပြီးနောက်ပိုင်းရှာဖွေစားသောက်ရခက်ခဲသွားတယ်လို့ ဒေသခံအများအပြားကပြောကြပါတယ်။

သစ်ခိုးခုတ်ခြင်း

ဘိုကလေးကျောင်းကုန်းကျေးရွာနဲ့ မိုင် ၂ဝကျော်ဝေးတဲ့ နေရာမှာပုဂ္ဂလိကသစ်မာစိုက်ခင်းဧက ၅ဝဝ လုပ်ကိုင်ခွင့် ရခဲ့တဲ့ Mighty Marine Product ကုမ္ပဏီရဲ့တာဝန်ရှိသူတစ်ဦးကတော့ သူတို့အနေနဲ့အပြောင်ရှင်းစနစ်ကိုအကန့်အသတ်နဲ့ပဲကျင့်သုံးခဲ့တာလို့ ဆိုပါတယ်။

၂ဝ၁ဝမှာစတင်လုပ်ကိုင်တုန်းကသစ်တောဧက ၃ဝလောက်ကိုအပြောင်ရှင်းခဲ့ပြီးအဲဒီနောက်မှာတော့  ပျိုးပင်တွေကိုဖာစိုက်တဲ့ စနစ်နဲ့ လုပ်ကိုင်ခဲ့တယ်၊ ဒေသကိုအကျိုးပြုမယ့် အစီအစဉ်လည်းရှိတယ်လို့ သူကပြောပါတယ်။

“နောင်တစ်ချိန်မှာဥပဒေအရသော်လည်းကောင်း၊ သစ်တောကနေပြီးတော့ ဒါကတော့ ထုတ်သင့်နေပြီ၊ထုတ်ရမယ်ဆိုရင်လည်းအရင်းနုတ်ပြီးတော့ အကျိုးအမြတ်ရဲ့ ၂ဝရာခိုင်နူန်းထက်မနည်းသောငွေကိုဒီဒေသအတွက်လုပ်မယ်ဆိုတာ ကျွန်တော်တို့ ကုမ္ပဏီမှာဆုံးဖြတ်ချက်ရှိတယ်”လို့ သူကရှင်းပြပါတယ်။

ကုမ္ပဏီလုပ်ကွက်ထဲထင်းဝင်ခုတ််တာတွေ ရှိနေတယ်၊ ထင်းခုတ်သူတွေမှာတခြားရည်ရွယ်ချက် ရှိလိမ့်မယ်လို့ သူကယုံကြည်နေပါတယ်။

“သူတို့ ဒါကိုခုတ်ချင််နေတယ်။ ပြောရမယ်ဆိုရင် ထင်းထက် ဒီပျဉ်းကတိုးပင်ကိုပဲခုတ်ချင်နေတာ။ ထင်းဆိုတာသက်သက်ပြောတာ” လို့ အမည်မဖော်လိုတဲ့ ကုမ္ပဏီအရာရှိကဆိုပါတယ်။

ဒီရေတောကာကွယ်ထိန်းသိမ်းရေး၊ သစ်တောပြုန်းတီးမှုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Rakhine Coastal Region Conservation Associationအဖွဲ့ တည်ထောင်သူဒေါက်တာမောင်မောင်ကြည်ကတော့လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေဟာပူးပေါင်းဆောင်ရွက်ရေးအတွက် တိုင်ပင် ဆွေးနွေးတာကိုဦးစားပေးသင့်တယ်လို့ ဝေဖန်လိုက်ပါတယ်။

တစ်ဦးကိုတစ်ဦးအပြစ်ဖို့နေခြင်းကသစ်တောထိန်းသိမ်းရေးလုပ်ငန်းစဉ်ကိုနှောင့်နှေးစေတယ်လို့ သူကယူဆနေတာပါ။

 “ခုတ်ချင်တယ်၊ဒီတောကိုသီဟိုခင်းစိုက်မယ်၊ လိမ္မော်ခင်းစိုက်မယ်၊ဒီတောရဲ့အခြေအနေကဒီလိုရှိတယ်။ တကယ်လို့ မအောင်မြင်ဘူးဆိုရင် ဒီတောရဲ့တန်ဖိုးကိုဘယ်လောက်လျော်ပေးရမယ်၊ ချက််ခြင်းမဟုတ်တောင်မှ ဘယ်နှနှစ်လျော်ပေးရမယ်ဆိုတာမျိုး(ညှိနှိုင်းပြောဆိုပြီး) လောလောဆယ်ထိ်န်းနိုင်ရင်ကိုတောင် ကျွန်တော်တို့ မြန်မာနိုင််ငံရဲ့ သဘာဝပတ်ဝန်းကျင်ဟာတော်တော်ထိန်းလို့ရသွားမယ်”လို့ ဒေါက်တာမောင်မောင်ကြည်ကသုံးသပ်ပါတယ်။

“အခုဟာကလွတ်လွတ်လပ်လပ် ခုတ်လို့ရတယ်။ လွတ်လွတ်လပ်လပ် ဖျက်ဆီးလို့ရတယ်။ လွတ်လွတ်လပ်လပ် မီးရှိ့လို့ ရတယ်။ ဘယ်သူမှလည်းအရေးပေါ်မလုပ်ဘူး”

အစုအဖွဲ့ပိုင်တော

ဘိုကလေးကျောင်းကုန်းရွာမှာ အိမ်ထောင်စုပေါင်း ၉ဝ ကျော်ရှိပြီး တချို့ကစပါး၊ မြေပဲစိုက်ပျိုးကြသူတွေပါ။ အများစုကတော့ ထွန်ယက်စိုက်ပျိုးစရာ မြေပိုင်မရှိတဲ့အတွက် တောတွေ တောင်တွေကိုပဲ အားကိုးစားသောက်နေရတယ်လို့ ဆိုပါတယ်။

၂ဝ၁၄ နှစ်ဆန်းပိုင်းမှာ သစ်တောဌာနက တစ်အိမ်ထောင် ၅ ဧကနူန်းနဲ့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ကိုင်ခွင့် ပေးခဲ့ရာမှာ ဒီအခွင့်အရေးကို အဲဒီရွာက အိမ်ထောင်စုပေါင်း ၂ဝ ရရှိခဲ့တာပါ။

အစုအဖွဲ့ပိုင်တောကို ၂ဝ၁၄/၂ဝ၁၅ ကာလက တောင်ကုတ်မြို့နယ်မှာ ၁၈၈.၂၉ ဧက၊ ဂွမြို့နယ်မှာ  ၈၉၉.၈၁ ဧက အထိခွင့်ပြုခဲ့ကြောင်း သံတွဲခရိုင် သစ်တောဦးစီးဌာန၊ ဌာနခွဲစာရေးရုံးအုပ်် ဦးအောင်လှက   ပြောပြပါတယ်။

သံတွဲမြို့မှာတော့ ၂ဝဝ၆/၂ဝဝ၇ ခုနှစ် ကာလကစတင်ပြီး ၆၉၈ ဧကခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly