ဝေဖန်မှုဆိုတာ မယူရင် ငြိမ်းချမ်းပါတယ်

ဝေဖန်မှုဆိုတာ မယူရင် ငြိမ်းချမ်းပါတယ်

YOPE_ ဟုတ်ကဲ့  မသန္တာလှိုင် မင်္ဂလာပါရှင့်။

TDH_မင်္ဂလာပါ

YOPE_ညီမတို့ရဲ့ YOPE အစီအစဉ်မှာ အခုလိုတွေ့ရတဲ့အတွက် ဝမ်းသာပါတယ် အစ်မ။

TDH_အစ်မကတော့ စိတ်လှုပ်ရှားနေတယ် ဘာတွေ မေးမှာလဲလို့။

YOPE_ဟုတ်ကဲ့ပါ မေးခွန်းကတော့ ငါးခုထဲပါရှင့်။ အခု နံပါတ် (၁) မေးခွန်း ပထမဆုံးမေးခွန်း မေးပါမယ် အစ်မ။ နံပါတ် (၁) မေးခွန်းအနေနဲ့ကပေါ့နော်  အစ်မ မိခင်တစ်ယောက်တည်းအနေနဲ့ အချိန်အကြာကြီး ရပ်တည်ခဲ့တယ်။ အဲ့ဒီရဲ့ စိန်ခေါ်မှုတွေက အဓိကစိန်ခေါ်မှုတွေက ဘာတွေများ ဖြစ်မလဲ အစ်မ။

TDH_ - အဲ့ဒီမေးခွန်းကို အစ်မ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး။ ဟုတ်ပါတယ်။ အဓိက စိန်ခေါ်မှုက ဘာလည်းဆိုတော့ သားသမီးတွေနဲ့ သားသမီးတွေနဲ့ အရင်ကလိုမျိုး သေချာထိန်းကျောင်းဖို့ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မိဘကွဲပြီဆိုကတည်းက သားသမီးတွေက အဖေနဲ့အမေကြားမှာ သူတို့ နည်းနည်း Psychological အရ သူတို့ဟာသူတို့လည်း သိချင်မှသိမယ်။ ဒါပေမယ အဲ့ဒါတော့ ဖြစ်တတ်တာ ဓမ္မတာပဲ။ အဲ့ဒီတော့ အစ်မကို အစ်မ Single Mother လို့ မသတ်မှတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အစ်မဘေးနားမှာ မိဘအသိုင်းအဝန်းနဲ့ ပြည့်ပြည့်စုံစုံနဲ့ ကလေးတွေကို ဝိုင်းဝန်းထိန်းကျောင်းပေးတဲ့သူ ရှိတဲ့အပြင် သူတို့ရဲ့အဖေကလည်း အရမ်းကို အထောက်အကူပြုပါတယ်။ ကလေးတွေရဲ့အဖေ အစ်မရဲ့ အရင် ယောကျင်္ားကလည်း မိသားစုဝင်ထဲက တစ်ယောက်လို့ ပြောလို့ရပါတယ်။

YOPE_- ဟုတ် အခုက ဒါ YOPE ရဲ့ ဒုတိယမေးခွန်းပါ အစ်မ။ အခုနအစ်မပြောသလိုမျိုး ကလေးတွေေ့ရှမှာ ဒီလိုနေခဲ့တယ်ဆိုတော့ သမီးလေးတွေကို လေးစားဂုဏ်ယူရတဲ့ မိခင်တစ်ယောက်ဖြစ်အောင် အစ်မဘယ်လိုကြိုးစားနေထိုင်ခဲ့ရလဲ။

TDH_သူ့အတွက် ဂုဏ်ယူရအောင်ဆိုပြီး သက်သက်လုပ်ခဲ့တာတွေအပြင် ဒီကိုယ်မမြင်နိုင်တဲ့ မထင်မှတ်ထားတဲ့အရာလေးတွေကအစ သူ့အမေ ဟင်းထမင်းချက်တတ်ပုံ၊ ပြီးတော့ ထမင်းဟင်းချက်တာ တော်ပုံ၊ ပြီးတော့ တစ်နေ့ကျတော့ သူကဘာလာမေးလဲဆိုတော့ အမေကတဲ့ ဒီကျောင်းက ကလေးတွေကို ထိန်းကျောင်းတဲ့ Psychology ပညာနဲ့ ပတ်သက်ပြီးတော့ ကျောင်းပြီးလာတာလားတဲ့။ ဒီမေးခွန်းက နည်းနည်းထူးဆန်းတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းလို့မေးလိုက်တော့ မဟုတ်ဘူးလေတဲ့ သူတို့လိုမျိုး အရမ်းကိုလိမ္မာပြီးတော့ သိတတ်တဲ့သားသမီးတွေကို မွေးထားနိုင်တဲ့အမေဆိုတော့ ။ သြော် အိုကေ လတ်စသတ်တော့ သူတို့ကိုယ်သူတို့ မြှောက်ပြောသွားတာကိုး။ အဲဒါဆိုရင် သူ ဒီလိုမေးခွန်း မေးတယ်ဆိုကတည်းက သူရဲ့အမေကို တကယ်ကို Appreciate လုပ်လို့ဆိုတာ သဘောပေါက်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သားသမီးကောင်းတော့ မိဘကောင်းပေါ့။

YOPE_ဟုတ်ကဲ့ပါ အစ်မ။ YOPE ရဲ့ တတိယမေးခွန်းပါ အစ်မ။ အစ်မဘဝမှာပေါ့ အခုအချိန်ထိ မေ့မရတဲ့ နေ့တစ်နေ့။ အဲ့နေ့က အဖြစ်အပျက်လေးရှိမယ်ဆိုရင် ဝေမျှပေးပါဦး။

TDH_တစ်နေ့လို့ မေးလို့ရှိရင်တော့ တော်တော်ဖြေရခက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အများကြီးရှိတယ်။ အခုအချိန်ထိ မှတ်မိနေတာ တစ်ခုရှိနေသေးတယ်။ အစ်မ မုံရွာမှာ အစ်အ အဖေနဲ့အမေက အကြီးအကျယ်ရန်ဖြစ်ပြီးတော့ သူတို့ကွဲကြတော့မယ်ပေါ့။ အစ်မအဖေက အစ်မဆီကို အရင်ဆုံးစာရေးတယ်။ အမေက အဖေကို မုန်းဖို့သင်ပေးလို့ရှိရင် မမုန်းပါနဲ့ ဘာညာပေါ့။ အစ်မကလည်း အဖေကို ပြန်ပြီးတော့ ရေးထားတဲ့စာလေးနဲ့ အဲ့ဒီအဖေရေးထားတဲ့စာလေးကို ဖတ်ပြီးတော့ အစ်မက လေးတန်းလောက်ပဲရှိမယ်။ မျက်ရည်တွေ ပေါက် ပေါက် ပေါက် ကျလာ ပြီးတော့ အမေကလည်း ဘေးနားကနေ အဲ့ဒီစာကိုဖတ်ပြီးတော့ မျက်ရည်တွေကျလာ အဖေကထွက်သွားပြီ ။ အဲ့ဒီအချိန်မှာ သူက ဆိုင်ကယ်ပေါ်တောင် တက်နေပြီ ။ ထွက်တော့မယ်ဆိုတဲ့အချိန်မှာ အမေက သွား လိုက်သွားလေ၊ လိုက်သွား ပါပါကြီးလို့ခေါ်ပြီး အဲ့အချိန်မှာ အစ်မက မျက်ရည်တွေနဲ့ အဖေကို ပါပါကြီးလို့ပြေးခေါ်ပြီး  နောက်ကနေ ဆိုင်ကယ်ပေါ်တက်ပြီး ထွက်သွား။ အဲ့ဒါလေးက တကယ်ကို ရုပ်ရှင်ထဲက ကုလားကားထဲက အလွမ်းဇာတ်လမ်းလေး ကျနေတာပဲ ။ အဲ့ဒီဇာတ်သိမ်းက အတိုင်းပဲ။ ဆိုတော့ ပါသွားတယ်။ ပြီးလည်းပြီးရော ဘာတွေဘယ်လို ဘာဖြစ်သွားလည်းတော့ မသိဘူး။ အဖေနဲ့အမေက မကွဲပဲ အဖေပါ ရန်ကုန်ကိုလိုက်ပြောင်းလာပြီးတော့ အစ်မတို့အဲ့ဒီကတည်းကနေ ရန်ကုန်မှာ အဲ့ဒီကတည်းကနေ ငါးတန်းကနေစပြီး အခြေချဖြစ်တာပါပဲ။

YOPE_ ဒါ နံပါတ် (၄) မေးခွန်းပါနော်။ အစ်မ ဒါကလေ ကောလဟာလ လည်းဖြစ်လိမ့်မယ် ထင်ပါတယ်။ ညီမတို့ ငယ်ငယ်လည်း ဖြစ်လိမ့်မယ်။ အစ်မ အပျိုတုန်းကပေါ့ ညီမတို့ကြားလိုက်ရတာ အစ်မ အဲ့ဒီ ဘရူနိုင်းဘုရင်နဲ့ လက်ထပ်သွားတယ်ဆိုပြီး မြန်မာနိုင်ငံမှာ အုန်းအုန်းကျက်ကျက် သတင်းတွေ သတင်းတွေထွက်ခဲ့တယ်။ အဲ့ဒီတုန်းက အစ်မခံစားရတာလေးရယ် အမှတ်တရရှိတာလေးရယ်က ဘယ်လိုအကြောင်းအရာဖြစ်မလဲ။

TDH_ အဲ့ဒီသတင်းထွက်တုန်းက ၂၀၀၀ ခုနှစ် လား အစ်မက သိတောင်မသိဘူး။ ပြန်ကြားတဲ့အချိန်မှာ ၂၀၀၂ လောက်ရောက်နေပြီ။ ဆိုတော့ ၂၀၀၂ ခုနှစ်မှာကြားရတဲ့ အချိန်မှာတော့ အရမ်းရယ်ရတာပေါ့။ ရယ်ချင်တာပေါ့။ ဒါပေမယ့် ဒီပြန်ရောက်ပြီးတော့လည်း ၂၀၀၇ ခုနှစ်လောက်အထိကို လူတွေကတကယ့်ကို ယုံနေကြတုန်းပဲ။ ဆိုတော့ အဲ့ဒီအချိန်မှာ လိုက်ပြီးတော့ ရှင်းမနေတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ယုံချင်တဲ့သူကတော့ ဘယ်လောက်ကြီးပဲ ဘယ်လိုပဲ ရှင်းပြရှင်းပြ ၊ ကိုယ်ယုံချင်တဲ့ဟာကို တစ်သတ်မတ် ယုံနေမှာပဲဆိုတော့ တစ်ခြားလူတွေရဲ့ယုံကြည်ချက်လေးကို မပျက်စေချင်တာ တစ်ခုတည်းနဲ့ အစ်မက ဘာမှ လိုက်မရှင်းတော့ပါဘူး။ ဒီအတိုင်း ထားလိုက်ပါတယ်။

YOPE_ဟုတ်ကဲ့ပါရှင့်။ ဒါကတော့ YOPE ရဲ့နောက်ဆုံးမေးခွန်းပါရှင့်။ အစ်မက Modeling တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တာဆိုတော့ လူငယ်မော်ဒယ်လ်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကို ဝေဖန်တာတွေ တိုက်ခိုက်တာတွေ အများကြီးရှိတယ်။ အဲ့ဒီတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့ သူတို့ကိုယ်စား စကားတစ်ခွန်းပြောခွင့်ရမယ်ဆိုရင် အစ်မသူတို့ကိုယ်စား ဘာများပြောချင်တာမျိုးရှိလဲ။

TDH_ ဒီအနုပညာလောကထဲကို ဝင်ပြီဆိုကတည်းက ဒီဘေးနားကနေ တိုက်ခိုက်ပြီးတော့ ပြောလာမယ့်စကားတွေကို ဂရုမစိုက်လို့ အနုပညာထဲကို ဝင်တယ်လို့ ယုံကြည်တဲ့အတွက်လည်း ကိုယ်ရှေ့ဆက်လျှောက်သွားမယ့်လမ်းကို ဆက်လျှောက်သွားပါလို့ အစ်မပြောချင်ပါတယ်။ အစ်မအနေနဲ့ကျတော့ သူများတွေဘယ်လောက်ပဲ ဘယ်လိုကြီးပဲ ပြောဆို ၊ မဟုတ်တဲ့သတင်းကို ပြောဆိုတိုက်ခိုက်တိုက်ခိုက် အစ်မစိတ်ထဲမှာ အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ နားလည်းမထောင်၊ ခံစားချက်လည်းမရှိတဲ့အတွက် ကိုယ့်ကိုဘာမှ မထိခိုက်ပါဘူး။ အဲ့ဒီတော့ ယူတတ်လို့ရှိရင်လည်း ရသလို မယူတတ်လို့ရှိရင်လည်း ငြိမ်းချမ်းပါတယ်လို့ အစ်မကပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly