လိင်တူချစ်သူတစ်ဦးဖြစ်ကြောင်းကို ပရိတ်သတ်များသိရှိပြီး စိတ်ပျက်သွားမှာ စိုးရိမ်ခဲ့ကြောင်း ဘယ်ရီမာနီလို ပြော

လိင်တူချစ်သူတစ်ဦးဖြစ်ကြောင်းကို ပရိတ်သတ်များသိရှိပြီး စိတ်ပျက်သွားမှာ စိုးရိမ်ခဲ့ကြောင်း ဘယ်ရီမာနီလို ပြော

ဘယ်ရီမာနီလိုက သူဟာ လိင်တူချစ်သူတစ်ဦးဖြစ်ကြောင်းကို ပထမဦးဆုံးအနေဖြင့် လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်များစွာအကြာက သူ၏အဖြစ်မှန်ကို အမျိုးသမီးပရိသတ်များ သိရှိသွားမည် ကို စိုးရွ့ံမိခဲ့ကြောင်း ပြောခဲ့သည်။

လွန်ခဲ့သော ၂၀၁၄ ခုနှစ်က အချိန်ကြာမြင့်စွာ လက်တွဲလာခဲ့သော သူ၏လက်တွဲဖော် ဂါရီကိဖ်နှင့်အတူ လက်ထပ်ခဲ့သည့် အသက် ရ၃ နှစ်အရွယ်ရှိ အဆိုတော်ဘယ်ရီက သူ့ရဲ့ကိုယ်ရေးကိုယ်တာ ဘဝအကြောင်းကို အမျိုးမျိုးမှတ်ချက်ပေးခံရမည့် မည်သည့်အပြုအမူကိုမှ မပြုလုပ်ခဲ့ကြောင်း ပြောခဲ့သည်။

ထို့နောက်တွင် သူလျှို့ဝှက်စွာ လက်ထပ်ခဲ့သည့်သတင်းက ပရိသတ်များကြား ပေါက်ကြားသွားချိန်၌ အားရဖွယ်ရာ တုံ့ပြန်မှုကိုသာ သူရရှိသည်။

“ကျနော်ဟာ ဂါရီနှင့်အတူနေထိုင်တယ်ဆိုတာကို သိရှိသွားချိန်မှာ သူတို့အရမ်းကိုပျော်ရွှင်ခဲ့ကြပါတယ်” ဟု သူက People မဂ္ဂဇင်းအား ပြောခဲ့သည်။

“သူတို့ရဲ့ တုံ့ပြန်မှုတွေက အရမ်းကိုလှပပါတယ်။ သူစိမ်းတွေက အရမ်းကိုဝမ်းသာကြောင်း မှတ်ချက်တွေပေးခဲ့ တဲ့အချိန်မှာ ကျနော်လည်း အလွန်ကိုပျော်ရွှင်ခဲ့ရပါတယ်” ဟု သူက ပြောခဲ့သည်။

ဘယ်ရီမာနီလိုသည် သူ၏မန်နေဂျာဖြစ်သော ဂါရီကိဖ်နှင့်အတူ နှစ်ပေါင်း ၄၀ နီးပါးခန့် အတူတကွ လက်တွဲ နေထိုင်ခဲ့ကြပြီး လွန်ခဲ့သော ၁၉၇၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

“ကျနော်ဟာ အလွန်ကံကောင်းတဲ့ သူတွေထဲကမှ တစ်ဦးပဲဖြစ်ပါတယ်။ အဲ့ဒီ့မတိုင်ခင်တုန်းက ကျနော်တကယ့် ကို အထီးကျန်နေခဲ့ရတာပါ။ ကိဖ်ဟာ ကျနော့်ဘဝတစ်လျှောက် တွေ့ဖူးသမျှထဲမှာ အထက်မြတ်ဆုံးတစ်ဦးပဲ ဖြစ်ပါတယ်။ ပြီးတော့လည်း အလွန်ကိုကောင်းတဲ့ ယောင်္ကျားတစ်ဦးပါ” ဟု သူက ပြောခဲ့သည်။

Mandy၊ Copacabana နှင့် I Write the Songs သီချင်းတို့ဖြင့် နာမည်ကြီးသော အဆိုတော်မာနီလိုသည် သူ၏ မန်နေဂျာကိဖ်နှင့်အတူ လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဧပြီလတုန်းက ကယ်လီဖိုးနီးယားပြည်နယ်တွင် လျှို့ဝှက်စွာ လက်ထပ်ခဲ့ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly