နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့သည်ဟုဆိုသော စွပ်စွဲချက်အား မယ်လ်ဘီ၏ ခင်ပွန်းဟောင်း ငြင်းဆန်

နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့သည်ဟုဆိုသော စွပ်စွဲချက်အား မယ်လ်ဘီ၏ ခင်ပွန်းဟောင်း ငြင်းဆန်

အဆိုတော်မယ်လ်ဘီ၏ ခင်ပွန်းဟောင်းဖြစ်သူက သူသည် သူမအား နှစ်ပေါင်းများစွာကြာ ရုပ်ပိုင်းဆိုင်ရာအရ၊ စိတ်ပိုင်းဆိုင်ရာအရ ညှင်းပန်းနှိပ်စက်ခဲ့သည်ဆိုသော သူမ၏စွဲချက်များအား ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။

ခင်ပွန်းဟောင်းဖြစ်သူ စတက်ဖန်ဘယ်လာဖွန်တီ၏ ရှေ့နေများက အဆိုတော်မယ်လ်ဘီ၏ စွပ်စွဲချက်များကို ပြန်လည်တုံ့ပြန်ရန်အတွက် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မယ်လ်ဘီက သူမသည် ခင်ပွန်းဟောင်းဖြစ်သူ၏ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခြင်းကို ခံခဲ့ရကြောင်းနှင့် သူမ၏ လိင်ပိုင်းဆိုင်ရာ ဗွီဒီယိုများကို ထုတ်လွှင့်ကာ သူမ၏ အသက်မွေးဝမ်းကြောင်းကို ဖျက်ဆီးရန် ခြိမ်းခြောက်ခဲ့ ကြောင်း အခိုင်အမာပြောခဲ့သည်။

ဘယ်လာဖွန်တီ၏ ရှေ့နေများက ထိုပြောဆိုချက်သည် လက်ခံနိုင်စရာမရှိကြောင်းနှင့် အခြေအမြစ်မရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

တရားရုံးသို့တင်ပြခဲ့သော အသေးစိတ်အချက်အလက်များတွင် မယ်လ်ဘီက သူမ၏ ခင်ပွန်းသည် အလွန်ကို ရန်လိုတတ်ကြောင်း၊ အကြမ်းဖက်တတ်ပြီး သူမအပေါ်ကို ထိန်းချုပ်လွှမ်းမိုးချင်သော ညှင်းပန်းနှိပ်စက်တတ် သော သူတစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထိုသို့နှိပ်စက်မှုများသည် သူမ၏အောင်မြင်သော အနုပညာအလုပ်အကိုင်ကြောင့် ဖြစ်နိုင်သည်ဟု သူမယူဆ ကြောင်းကိုလည်း ပြောခဲ့သည်။

“ကျမအတွက် အရမ်းကိုကောင်းမွန်တဲ့ အရာတွေဖြစ်ပေါ်လာတဲ့အချိန်မှာ သူကျမကို ရိုက်နှက်ပါတယ်။ ဘာလို့ လဲဆိုတော့ သူက ကျမအပေါ် လွှမ်းမိုးမှုရှိတယ်ဆိုတာကို သိစေချင်လို့ဖြစ်ပါတယ်” ဟု သူမက ပြောခဲ့သည်။

သူမ၏ ယောင်္ကျားကျူးလွန်ခဲ့သော အိမ်တွင်းအကြမ်းဖက်မှုများသည် Dancing With The Stars အစီအစဉ်၌ သူမဒုတိယဆု ရရှိခဲ့သည့် လွန်ခဲ့သော ၂၀၀၇ ခုနှစ်ကတည်းက ဖြစ်ကြောင်း အခိုင်အမာပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags