အာဆတ်အား ထောက်ပံ့နေခြင်းများ ပြန်လည်စဉ်းစားသင့်နေပြီဟု ရုရှအား ကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

အာဆတ်အား ထောက်ပံ့နေခြင်းများ ပြန်လည်စဉ်းစားသင့်နေပြီဟု ရုရှအား ကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

၀ါရှင်တန်၊ ဧပြီ ၆ ။                   ။ ဆီးရီးယားနိုင်ငံက ဘာရှာအယ်အာဆတ်အစိုးရအား ရုရှနိုင်ငံက ထောက်ခံနေခြင်းအား ပြန်လည်စဉ်းစားသင့်နေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ဧပြီ ၅ ရက်တွင် ရုရှအား သတိပေးလိုက်သည်။

ဆီးရီးယားတွင် သူပုန်ထိန်းချုပ်နယ်မြေ၌ ဓာတုအဆိပ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားရာ အာဆတ်အစိုးရအား အပြစ်ဆိုထားသည်။

“ဒီကြောက်လန့်ဖွယ် တိုက်ခိုက်မှုမှာ အာဆတ်ဦးဆောင်တဲ့ ဆီးရီးယားအစိုးရ တာဝန်မကင်းဘူးလို့ ကျွန်တော်တို့ စိတ်ထဲ သံသယကင်းကင်း ယုံထားတယ်။”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သတင်းထောက်များအား တေလာဆန်က ပြောခဲ့သည်။

“ကျွန်တော်တို့ ထင်တယ် ခုချိန်က ရုရှအနေနဲ့ အာဆတ်အစိုးရအပေါ် ထောက်ပံ့နေခြင်းတွေကို ပြန်လည်စဉ်းစားရတော့မယ့် အချိန်ပဲဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ဧပြီ ၄ ရက်က ဆီးရီးယားနိုင်ငံမြောက်ပိုင်းက သူပုန်ထိန်းချုပ်နယ်မြေအတွင်း ဓာတုအဆိပ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် သေဆုံးသူဦးရေက ကလေး ၂၀ ဦး အပါအဝင် ရ၂ ဦးအထိ ရှိကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဧပြီ ၅ ရက်တွင် ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags