စီးပွားတိုထွာ

စီးပွားတိုထွာ

ဇူလိုင် ၂၉ ရက်

ယာဉ်ကြောပိတ်မှု ရန်ကုန်စီးပွားရေး ထိခိုက်

စီးပွားရေးမြို့တော်ရန်ကုန်မြို့မှ ယာဉ်ကြောပိတ်ဆို့ခြင်းကြောင့် ဒေသခံတွေရဲ့ လုပ်ငန်းတွေနဲ့ စီးပွားရေးတွေကို အနည်းနှင့် အများ ထိခိုက်မှု ရှိနေသည်ဟု သိရပါသည်။ ပိုမိုကောင်းမွန်သည့် သယ်ယူပို့ဆောင်ရေးစနစ်တခု အမြန်ဆုံး ဖြစ်ပေါ်လာရန် လိုအပ်နေသည်ဟု စီးပွားရေးသမားများက ပြောဆိုကြသည်။ ရန်ကုန်တိုင်းမော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှုဗဟိုကော်မတီကမူ မော်တော်ယာဉ်လိုင်းတွေ ထပ်မံတိုးချဲ့ပြေးဆွဲရန် ပြောဆိုမှုများ ရှိနေသည်။
 ဇင်းမယ်ချည်ထည် လူကြိုက်များ

ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မြို့မှ အမျိုးသမီးဝတ် ချည်ထည်များကို မြန်မာပြည်တွင်း၌ အရောင်းအဝယ်သွက်နေသည်ဟု သိရသည်။ ဈေးနှုန်းသင့်တင့်သဖြင့် အမျိုးသမီးကြီး၊ ငယ်မရွေး မျက်စိကျနေကြသည်ဟု ဆိုသည်။ ချင်းမိုင်ချည်ထည်များ တိုးဝင်လာသဖြင့် ပြည်တွင်းချည်ထည်ဈေးကွက်ကို ထိခိုက်နိုင်မနိုင်မှာမူ စိတ်ဝင်စားစရာဖြစ်နေသည်။
 တစ်ကိုယ်ရေသုံးသန့်ရှင်းရေးပစ္စည်းများ ဖိလစ်ပိုင်နှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းထုတ်မည်

ဖိလစ်ပိုင်နိုင်ငံမှ ယူနိုက်တက်လက်ဘော်ရေထရီနှင့် မြန်မာပြည်တွင်းမှ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့် ကျန်းမာရေးသုံး ကုန်ပစ္စည်းများ ထုတ်လုပ်သည့် ဗျူတီး ပဲလေ့ (စ) ကုမ္ပဏီတို့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းသစ်တစ်ခု တည်ထောင်ရန် သဘောတူလိုက်ပြီဖြစ်ပါသည်။

ကန်ဒေါ်လာ ၁၃သန်း တန်ဖိုးရှိသည့် ယင်း ရင်းနှီးမြှုပ်နှံမှုအတွက် ကုမ္ပဏီအသစ် ယူနိုက်တက်ဗျူတီးပဲလေ့(စ) အမည်ဖြင့် တစ်ကိုယ်ရေသုံးသန့်ရှင်းမှုဆိုင်ရာ ကုန်ပစ္စည်းများကို ထုတ်လုပ်သွားမည်ဟု သိရသည်။

A-21 ဆပ်ပြာနဲ့ Best-T သွားတိုက်ဆေးများ ထုတ်လုပ်သည့် ဗျူတီး ပဲလေ့(စ)ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြိုင်ဟင်းက ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် နှစ်ဦးနှစ်ဘက်အကျိုးရှိစေမည့် ကုန်ပစ္စည်းများ ထုတ်လုပ်သွားမည်ဖြစ်ပြီး စွမ်းဆောင်မှုများကိုလည်း ပိုမိုမြှင့်တင်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly