ချယ်လ်ဆီးနောက်ခံလူ လူးဝစ္စ အက်သလက်တီကိုသို့ပြန်လည်ပြောင်းရွှေ့

ချယ်လ်ဆီးနောက်ခံလူ လူးဝစ္စ အက်သလက်တီကိုသို့ပြန်လည်ပြောင်းရွှေ့

ဇူလိုင် ၂၉၊ မက်ဒရစ်။ ။ ဘရာဇီးနောက်ခံလူ လူးဝစ္စသည် ချယ်လ်ဆီးအသင်းတွင် တစ်ရာသီကစားပြီးနောက် အက်သလက်တီကိုအသင်းသို့ ပြန်လည်ပြောင်းရွှေ့သွားပြီဖြစ်သည်။

ယင်းဘရာဇီးနောက်ခံလူသည် ယမန်နှစ်က ချယ်လ်ဆီးအသင်းသို့ ပေါင် ၁၆ သန်းဖြင့်ပြောင်းလာခဲ့သော်လည်း မော်ရင်ဟို၏ ပထမအသင်းတွင် နေရာ မရခဲ့သူဖြစ်သည်။

ဥရောပအကောင်းဆုံးဘယ်နောက်ခံလူများထဲမှ တစ်ဦးအဖြစ် အက်သလက်တီကိုအသင်းနှင့်အတူခြေစွမ်းပြနိုင်ခဲ့သော်လည်း ချယ်လ်ဆီးအသင်း၌မူ အက်စ်ပီလီကျူတာကို မကျော်နိုင်ဘဲ ဖြစ်ခဲ့ရသည်။

သို့ဖြစ်ရာ အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် ဖိလစ်ပီလူးဝစ္စကို ယမန်နှစ်ကပြောင်းရွှေ့ကြေးဝန်းကျင်ဖြင့်ပင် ပြန်လည်ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

လန်ဒန်အနောက်ပိုင်းကလပ် ချယ်လ်ဆီးအသင်းသည် ဖိလစ်ပီလူးဝစ္စ ၏နေရာတွင်အစားထိုးရန် ကစားသမားရှာဖွေထားပြီးဖြစ်ကာ ဂါလာတာစာရေးနောက်ခံလူ အဲလက်စ်တယ်လက်စ်ကို စိတ်ဝင်စားနေသည်။

ဖိလစ်ပီလူးဝစ္စသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းတွင် ၂၆ ပွဲကစားခွင့်ရခဲ့ပြီး တစ်ဂိုးသွင်းနိုင်ခဲ့သည်။ ယင်းဘရာဇီးကစားသမား သည် အက်သလက်တီကိုအသင်းတွင်မူ ၁၂၇ ပွဲကစားခွင့်ရခဲ့ပြီး ယူရိုပါလိဂ်၊ ကိုပါဒယ်ရေးနှင့် လာလီဂါဖလားများရယူနိုင်ခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly