မိတ်ကပ်ပညာကို ပရဟိတသင်ပေးမယ့် Beauty Blogger

မိတ်ကပ်ပညာကို ပရဟိတသင်ပေးမယ့် Beauty Blogger

မြန်မာနိုင်ငံက Beauty Blogger မဝင်းမင်းသန်းသည် လက်ရှိတွင်အလှအပရေးရာနှင့် ပတ်သက်သည့်အရာမှန်သမျှကို ဝေမျှပေးနေသည့်အပြင် ပရဟိတအနေဖြင့် မိတ်ကပ်ပညာကို အခမဲ့သင်ပေးချင်သည်ဟု မဇ္ဈိမကိုပြောသည်။

“မိတ်ကပ်ပညာကို ပရဟိတအနေနဲ့ အခမဲ့သင်ပေးပြီးတော့ မိတ်ကပ်ပညာနဲ့ အမျိုးသမီးတွေပဲဖြစ်ဖြစ် အမျိုးသားတွေပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အိမ်တွင်းမှုပေါ့နော်၊ ကိုယ့်ရဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလေးလုပ်လို့ရအောင်အထိ ပြုစုပျိုးထောင်ပေးဖို့အတွက်လည်း သင်တန်းတွေဖွင့်ပေးဖို့လည်း အစီအစဉ်တွေရှိပါတယ်။”

မိတ်ကပ်ပညာသင်တန်းကို သင်တန်းများပေါများသည့် ရန်ကုန်ထက် အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုကို အမှန်တကယ်လိုအပ်နေသည့် နယ်မြို့များမှ လူငယ်အမျိုးသမီး၊ အမျိုးသားများကို ဦးစီးပေးသွားသင်ချင်ကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ အစီအစဉ်ကို စတင်အကောင်အထည်ဖော်မည့် အချိန်ကို ယခုလိုဆက်ပြောသည်။

“အဲဒါကိုတော့ သင်္ကြန်ပြီးတဲ့နောက်ပိုင်း မိုးတွင်းပိုင်းလောက်လေး အဲဒီလောက်ဆိုရင်တော့ အစ်မလည်းနည်းနည်း အလုပ်ပါးပြီဆိုတော့ ပိုပြီးတော့ စိတ်အားထက်သန်စွာနဲ့ လုပ်ပေးလို့ရတယ်။ အဲဒါမျိုးလုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။ ပြီးတော့ ဒီဟာလုပ်ပေးဖို့အတွက်လည်း တကယ့် ပရဟိတလုပ်ငန်းလုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ထားပါတယ်။ ချိတ်ဆက်ထားပါတယ်။”

မဝင်းမင်းသန်းသည် ၂၀၁၅ခုနှစ် မတိုင်မီအထိ ကနေဒါနိုင်ငံ Toranto တွင် Fashion Industry ၌ လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်မှပြန်ရောက်ရှိလာကာ Beauty Blogger တစ်ယောက်အဖြစ် လှုပ်ရှားနေသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly