အကြမ်းဖက်မှုကို ထောက်ခံအားပေးနေသည့် နိုင်ငံများစာရင်း၌ မြောက်ကိုရီးယားကို ပြန်လည်ထည့်သွင်းရန် အမေရိကန်လွှတ်တော်အတည်ပြု

အကြမ်းဖက်မှုကို ထောက်ခံအားပေးနေသည့် နိုင်ငံများစာရင်း၌ မြောက်ကိုရီးယားကို ပြန်လည်ထည့်သွင်းရန် အမေရိကန်လွှတ်တော်အတည်ပြု

ဧပြီ ၄ ။              ။ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုနေသည့် နိုင်ငံများစာရင်းတွင် ယခုအခါ မြောက်ကိုရီးယားကို ပြန်လည်ထည့်သွင်းရန် အမေရိကန် လွှတ်တော်က အတည်ပြုလိုက်သည်။

ယခင် ၂၀၀၈ ခုနှစ်က မြောက်ကိုရီးယားတို့ကို ယင်းစာရင်းမှ ဖယ်ရှားပေးထားခဲ့သော်လည်း ယခုအခါ အခြေအနေအရ ယင်းနိုင်ငံကို အကြမ်းဖက်မှုထောက်ခံသူ စာရင်း၌   ပြန်လည် ထည့်သွင်းသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်းဆိုချက်ကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ မြောက်ကိုရီးယားကို ယင်းစာရင်းတွင် ပြန်လည်ထည့်သွင်းရေးအဆိုပြုချက်ကို အောက်လွှတ်တော်တွင် ထောက်ခံမဲ ၃၉၄ မဲ ကန့်ကွက်မဲ တစ်မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားတို့အနေဖြင့် ယင်း နိုင်ငံများစာရင်းတွင် ယခင်ကလည်း ပါ၀င်ထားခဲ့ဖူးပြီး ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကမှ ဖယ်ရှားခံထားရသေးသည်။ ယင်းအချိန်ကမူ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်က ယင်းနိုင်ငံကို နျူလက်နက်ဖြုတ်သိမ်းရေး စေ့စပ်ဆွေးနွေးလိုသည့်အနေဖြင့် ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှု အားပေးအားမြှောက်ပြုထားသူ နိုင်ငံများစာရင်း၌ ယခင်က ကျူးဘား၊ အီရတ် ၊လစ်ဗျား နှင့် အာဖဂန်နစ္စတန်တို့ ပါ၀င်ခဲ့ဖူးပြီး ယခုအခါ ဆူဒန်၊ ဆီးရီးယား နှင့်အီရန်တို့ ပါ၀င်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly