ဦးကျော်သူ ဖိလစ်ပို်င်သို့သွား၍ ရေမွန် မက်ဆေးဆေး ဆုလက်ခံယူမည်

ဦးကျော်သူ ဖိလစ်ပို်င်သို့သွား၍ ရေမွန် မက်ဆေးဆေး ဆုလက်ခံယူမည်

ရန်ကုန် ဇူလိုင် ၂၉ ။          ။ အာရှနိုင်ငံများတွင် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများတွင် ကြိုးစားအားထုတ်သူများ၊ အပြောင်းအလဲ လုပ်နိုင် သူများအား ရွေးချယ်ကာ ချီးမြှင်ေ့နသည့်  အာရှဒေသ ၏နိုဗယ်ဆုဟု တင်စား ခေါ်ဝေါ်နေသည့် ရေမွန် မက်ဆေးဆေး (Ramon MagSaysay Award) ဆုကို ၂၀၁၅ခုနှစ်အတွက် မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ  ရရှိခဲ့ပြီး ဆုလက်ခံယူရန်အတွက် သြဂုတ်လ ၂၆ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မည်ဟု ၎င်း၏ ဇနီးဖြစ်သူ နာရေးကူညီမှုအသင်း အတွင်းရေးမှှုး ဒေါ်မြင့်မြင့်ခင်ဖေထံမှ ဇူလိုင် ၂၉ရက်က သိရသည်။

အဆိုပါဆုကို မြန်မာနိုင်ငံမှ ဦးကျော်သူ အပါအဝင် အိန္ဒိယနိုင်ငံမှ Sanjiv Chaturvedi နှင့် Aushu Gupta ၊ လာအိုနိုင်ငံမှ Kommali Chanthavong ၊ ဖိလစ်ပိုင်မှ Ligaya Fernando- Amilbangsa တို့ စုစုပေါင်း ၅ဦး ရရှိခဲ့ခြင်းဖြစ်သည်။

ဒေါ်မြင့်မြင့်ခင်ဖေက “ဆုရတယ်ဆိုတာကိုသိရတော့ ကျေနပ်ပီတိဖြစ်တယ်၊ နာရေးကူညီမှုအသင်းကို စလုပ်ခဲံတုန်းကလည်း ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု ကံ ကံ၏အကျိုးဆိုတာကို ယုံုကြည်ပြီး လုပ်ဆောင်ခဲ့တယ်၊အခုလို အသိအမှတ်ပြုတယ် ဆုချီးမြှင့်ခံရတော့ ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးကို ခံစားရတယ်ဆိုတာကို သက်သေဖြစ်ပြီး ကောင်းတာလုပ်ချင်သူတွေ များများပေါ်လာတာပေ့ါ” ဟုဆိုသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူသည် ကွယ်လွန်သူများအတွက် နာရေးအခမဲ့လုပ်ဆောင်ပေးခြင်းဖြင့် ကျန်ရစ်သူများ၏ အခက်အခဲကို ကူညီပေးခြင်း၊နွမ်းပါးသူများကို အခြေခံ ကျန်းမာရေးလိုအပ်ချက်များကို ဘာသာမခွဲ၊ လူမျိုးမခွဲ၊ အဆင့်တန်းခွဲခြားမှုမရှိပဲ အခမဲ့ကူညီပေးခြင်းတို့ကြောင့် ယင်းဆုပေးအပ်ခဲ့ခြင်းဖြစ်သည်ကြောင်း သိရသည်ဟု လည်း ၎င်းကဆိုသည်။
ဆုလက်ခံရယူရန်အတွက် သြဂုတ် ၂၆ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး သြဂုတ် ၃၁ရက်တွင် ဆုပေးပွဲ တက်ရောက်ရမည်ဖြစ်သည်။
 
အဆိုပါဆုအတွက် မြန်မာနိုင်ငံမှ ရရှိခဲ့သူ စုစုပေါင်း ၆ဦးရှိပြီး ၁၉၅၉တွင် နှစ်ဦး၊၂၀၁၂တွင်တစ်ဦး၊ ၊၂၀၀၉တွင် ၁ဦးနှင့် ၂၀၁၃ခုနှစ်တွင် ကချင်တိုင်းရင်းသူ ဒေါ်လဖိုင်ဆိုင်းရော် နှင့် ၂၀၁၅အတွက် ဦးကျော်သူက ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

ရေမွန်မက်ဆေးဆေး ဆုကို ဖိလစ်ပိုင်နိုင်ငံ၏ သုံးဦးမြောက် သမ္မတရေမွန်မက်ဆေးဆေးကို ဂုဏ်ပြုချီးမြှင့်ကာ ပေးအပ်သောဆုဖြစ်ပြီး  ၁၉၅၇ခုနှစ်က စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်သူသည် လက်ရှိတွင် ငဘ ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly