ဒူးအရွတ်ဒဏ်ရာကြောင့် မာနေး လက်ကျန်ပွဲများနားရမည်ကို လီဗာပူးလ်စိုးရိမ်

ဒူးအရွတ်ဒဏ်ရာကြောင့် မာနေး လက်ကျန်ပွဲများနားရမည်ကို လီဗာပူးလ်စိုးရိမ်

ဧပြီ ၄၊ လီဗာပူးလ်။         ။ ဒူးအရွတ်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်လက်ကျန်ပွဲများကို ဆာဒီယိုမာနေး လွဲချော်ရမည်ကို လီဗာပူးလ်အသင်းက စိုးရိမ်လျှက်ရှိသည်။

ဆီနီဂေါတောင်ပံကစားသမားသည် မာဆေးဆိုက်ဒါဘီပွဲတွင် လေတန်ဘိန်းစ်နှင့်ထိခိုက်မိ၍ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ပွဲအပြီးတွင် ကောင်းမွန်ကြောင်းပြောဆိုထားသည်။

အသက် ၂၄ နှစ်အရွယ်မာနေးသည် တနင်္ဂနွေနေ့က အသေးစိတ်စစ်ဆေးမှုခံယူခဲ့သော်လည်း ဒူးဆစ်နားတစ်ဝိုက်သည် တနင်္လာ နေ့အထိ ဒေူးအရွတ်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်လက်ကျန်ပွဲများကို ဆာဒီယိုမာနေး လွဲချော်ရမည်ကို လီဗာပူးလ်အသင်းက စိုးရိမ်လျှက်ရှိသည်။ရာင်ရမ်းနေသဖြင့် ဒဏ်ရာအခြေအနေကို ထပ်မံစစ်ဆေးရမည်ဖြစ်သည်။

ဒူးအရွတ်အတွင်းပိုင်းပျက်စီးသွားသည်ဟု မှတ်ချက်မရှိသော်လည်း ဘယ်ဘက်ဒူးဒဏ်ရာမှာသက်သာခြင်းမရှိသလို ခွဲစိတ်မှုခံယူ စရာမလိုဟုလည်း ယတိပြတ်ပြောနိုင်ခြင်း မရှိသေးသည့် အနေအထားဖြစ်သည်။

မာနေးသည် လီဗာပူးလ်၏ဂိုးအများဆုံးသွင်းသူအဖြစ် ၁၃ ဂိုးသွင်းကာ ခြေစွမ်းပြနေသူဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ဘုန်းမောက်နှင့်ပွဲ၊ စနေနေ့ စတုခ်နှင့်အဝေးကွင်းပွဲတို့ကို သေချာပေါက်လွဲချော်မည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags