ဂျိုဗီတစ်က အင်တာမီလန်ကို ပိုမိုကောင်းမွန်လာစေမည်ဟု နည်းပြမန်စီနီဆို

ဂျိုဗီတစ်က အင်တာမီလန်ကို ပိုမိုကောင်းမွန်လာစေမည်ဟု နည်းပြမန်စီနီဆို

ဇူလိုင် ၂၉၊ မီလန်။ ။ မွန်တီနီဂရိုးလက်ရွေးစင် တိုက်စစ်မှူး ဂျိုဗီတစ်သည် အင်တာမီလန်အသင်းကို ပိုမိုကောင်းမွန်လာစေလိ့မ်မည် ဖြစ်ကြောင်း နည်းပြ မန်စီနီက ပြောဆိုလိုက်သည်။ ဂျိုဗီတစ်ကြောင့် အင်တာမီလန်အသင်းအနေဖြင့် တိုက်စစ်ပုံစံသစ်တစ်ခုကို ကစားနိုင်မည်ဟုလည်း မန်စီနီက ယုံကြည့်နေသည်။

ဂျိုဗီတစ်သည် ပြီးခဲ့သည့် အင်္ဂါနေ့က ဆေးစစ်မှုအောင်မြင်ခဲ့ပြီး ယခုတစ်ပတ်အတွင်း လက်မှတ်ရေးထိုးမည် ဖြစ်သည်။
အင်တာမီလန်အသင်းသည် ဂျိုဗီတစ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူမည် ဖြစ်ပြီး ရာသီအကုန်တွင်မှ အပြီးသတ်ဝယ်ယူမည် ဖြစ်သည်။ အငှားစာချုပ်အတွက် ယူရို ၃ သန်းပေးချေရပြီး အပြီးသတ်ဝယ်ယူပါက ယူရို ၁၂ သန်း ထပ်မံ ပေးချေရမည် ဖြစ်သည်။

အင်တာမီလန်နည်းပြမန်စီနီက 'ဂျိုဗီတစ် ဒီကို လာတဲ့အတွက် ကျွန်တော်ဝမ်းသာမိပါတယ်။ ကျွန်တော့်အသင်းတိုက်စစ်မှာ အိုင်ကာဒီနဲ့ ပလာစီယိုတို့ ရှိပြီးဖြစ်ပေမယ့် သူက ပုံစံမတူတဲ့ တိုက်စစ်မှူးပါ။ ဂျိုဗီတစ်ဟာ အသင်းကို အများကြီး အကူအညီပေးနိုင်ပါလိ့မ်မယ်' ဟု ပြောသည်။

ဂျိုဗီတစ်သည် ဖီအိုရင်တီးနားအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ၂ နှစ်တွင်း ပရီးမီးယားလိဂ် ပွဲစဉ် ၄၀ သာ ကစားခဲ့ရပြီး ပထမပွဲထွက်နေရာမရရှိဘဲ ရုန်းကန်ခဲ့ရသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly