မြန်မာအကောက်ခွန် ဦးစီးဌာနအား အခွင့်ရစီးပွားရေးလုပ်ငန်း AEO အသုံးပြုရေး ADB ကူမည်

မြန်မာအကောက်ခွန် ဦးစီးဌာနအား အခွင့်ရစီးပွားရေးလုပ်ငန်း AEO အသုံးပြုရေး ADB ကူမည်

ဇူလိုင် ၂၉ ရက် ။     ။ အာရှဖွံ့ဖြိုးရေးဘဏ် ADB က မြန်မာအကောက်ခွန်ဦးစီးဌာနအား အခွင့်ရစီးပွားရေးလုပ်ငန်း Authorised Economic Operators (AEO) အသုံးပြုနိုင်ရေး အစီအစဉ်ရေးဆွဲရာတွင် ကူညီမည်ဖြစ်ကြောင်းသိရသည်။

အကောက်ခွန်စည်းကမ်းများကိုလိုက်နာပြီး ကုန်စည်စီမံခန့်ခွဲမှုစနစ်ကောင်းမွန်သည့် ကုန်သွယ်လုပ်ငန်းများအား ၎င်း AEO အစီအစဉ်အရ ပိုမိုချောမွေ့သည့်ကုန်သွယ်မှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။

သွင်းကုန်-ထုတ်ကုန်များ ထုတ်ယူရာတွင်လည်း ပိုမိုလွယ်ကူမည့် လုပ်ထုံးလုပ်နည်းများကိုလည်း ခံစားခွင့်ရမည်ဟု ADB က ထုတ်ပြန်ထားသည်။

AEO အစီအစဉ်ရေးဆွဲရန် အစပျိုးရေးအတွက် ရည်ရွယ်၍ ၃ ရက်ကြာ ဆွေးနွေးပွဲကိုလည်း ယခုရက်ပတ် အတွင်း ကျင်းပရန် စီစဉ်နေသည်။

"မြန်မာအကောက်အခွန်ဌာနအနေနဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်းနဲ့ အာဆီယံကုန်သွယ်ရေး သဘောတူညီချက်တွေကို လိုက်နာရာရောက်ပါတယ်။ ဒါ့ပြင် ကမ္ဘာ့အကောက်ခွန်အဖွဲ့အစည်း ရဲ့ နိုင်ငံတကာ စံချိန်စံနှုန်းတွေ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ ကုန်သွယ်မှု သဘောတူညီမှုတွေနဲ့လည်းအညီ ဖြစ်လာမှာပါ။" ADB ၏ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် လုပ်ငန်းညှိနှိုင်းရေးညွှန်မှူး Mr. James Lynch ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly