မြစ်ကြီးနားကို မနက်ဖြန်သွားဖို့ စိတ်လှုပ်ရှားနေတဲ့ အောင်လအန်ဆိုင်း

မြစ်ကြီးနားကို မနက်ဖြန်သွားဖို့ စိတ်လှုပ်ရှားနေတဲ့ အောင်လအန်ဆိုင်း
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဧပြီ ၁ ။          ။ "မနက်ဖြန်ကြရင် မြစ်ကြီးနားသွားရတော့မယ်။ ၁၄ နှစ်အကြာမှ အဘိုးအဘွားတွေကိုတွေ့ရမှာမို့ သတိရနေပါတယ်" လို့ အောင်လအန်ဆိုင်းက သူ့လူမှုကွန်ယက်မှာ ဒီနေ့ည ဧပြီ ၁ ရက်နေ့မှာ တင်ခဲ့ပါတယ်။

" မတွေ့ရတာကြာတဲ့ ငယ်သူငယ်ချင်းတွေ ၊ အိမ်နီးနာချင်းတွေကို ပြန်တွေ့ရမှာမို့ တကယ့်ကို ပျော်စရာပါပဲ" လို့ သူက စိတ်လှုပ်ရှားစွာနဲ့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည် ပြန်လာခဲ့ပြီး သူ့အသုံးအဆောင်တွေကို လေလံပွဲလုပ်ခဲ့ပါတယ်။ ရလာတဲ့ အကျိုးအမြတ်တွေကို သူက စစ်ဒဏ်ခံရတဲ့ ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေကို လှူဒါန်းသွားမှာပါ။

လေလံတင်ရောင်းချမည့် ရွှေတံဆိပ်ဆုမှာ North American Grappling Association Tournament တွင် အနိုင်ရခဲ့သည့် ရွှေတံဆိပ်ဖြစ်ပြီး One Championship (One FC) ပွဲတွင် ဝတ်ဆင်ခဲ့သည့် ရှပ်အကျီ နှင့် ဘောင်းဘီများပါဝင်ကြောင်း သိရသည်။

 " လေလံပွဲကရတဲ့အကျိုးအမြတ်တွေကို ဒီ ခရီးမှာလှူပါမယ်။ ဒီလေလံပွဲအတွက်လည်း ကျေးဇူးပါပဲ" လို့ သူက ဆိုပါတယ်။

အောင်လအန်ဆိုင်းက " ကချင်မြေရနံ့ကို ရဖို့မစောင့်နိုင်တော့ဘူး" လို့  သူက ပြောထားပါသေးတယ်။

မြန်မာပြည်က ပရိသတ်တွေကို ရည်ညွှန်းပြီး "အကုန်လုံးကိုပြောပြချင်တာကတော့ ကျွန်တော့ကို ချစ်ခင်အားပေးမှုတွေနဲ့  ဘယ်လိုရှေ့ဆက်ရမှာကို လမ်းညွှန်ပေးတဲ့လူတွေနဲ့ ကျွန်တော့ရဲ့ တိုင်းပြည်ကိုပါပဲ။ အကုန်လုံးကို ချစ်ပါတယ်။ ကျွန်တော် ဇူလိုင်လမှာ ပြန်ဆုံပါ့မယ်" လို့ ဒီည တင်ထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ-http://www.mizzimaburmese.com/article/25167

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly