ဒဂုံမြို့သစ်ဆိပ်ကမ်းတွင် မဲပေးခွင့်ရှိသူ၏ သုံးပုံတစ်ပုံကျော်သာ မဲလာပေး

ဒဂုံမြို့သစ်ဆိပ်ကမ်းတွင် မဲပေးခွင့်ရှိသူ၏ သုံးပုံတစ်ပုံကျော်သာ မဲလာပေး

ရန်ကုန်၊ ဧပြီ ၁ ။  ။ ရန်​ကုန်​တိုင်​း​ဒေသကြီး အ​ရှေ့ပိုင်​းခရိုင်​ ဒဂုံမြို့သစ် (ဆိပ်​ကမ်​း)မြို့နယ်​တွင် မဲ​ပေးခွင်​့ရှိသူ ၈သောင်း​ကျော်​ရှိသည်​့အနက်​ ၃သောင်း​ကျော်​သာ မဲ​ပေးခဲ့ကြောင်း မြို့နယ်​​ကော်​မရှင်​ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲလုပ်သည့်ရက်သည် စနေနေ့ဖြစ်သည့်အတွက် အစိုးရဌာနများသာ ပိတ်ရက်ဖြစ်ပြီး အများစုအတွက် ပိတ်ရက်မဟုတ်သည့်အတွက် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ မဲလာမထည့်နိုင်သည့်အတွက် မဲပေးသူ နည်းပါးရခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

"ဘာလို့လဲဆို​​တော့ စက်​ရုံအလုပ်​ရုံက လူ​တွေကရုံးတက်​ရတယ်​​လေ။ အဲ့ဒါ​ကြောင်​့လည်​းပါတယ်​" ဟု ဒဂုံမြို့သစ် (ဆိပ်​ကမ်​း)မြို့နယ်​ ​မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ ဥက္ကဌ ဦး​အောင်​မြင်​့က​ပြောသည်​။

ယင်းအပြင် ယခုကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် စိတ်ဝင်စားမှု နည်းပါးပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကလည်း မဲဆွယ်စည်းရုံးမှုကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်မှု အားနည်းခဲ့သည်ဟု ၎င်းက ထောက်ပြပြောဆိုသည်။ 

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Mizzima Weekly