မန္တလေးရဲစခန်းသို့ ကိုဆွေဝင်း သွားရောက်အစစ်ဆေးခံမည်မဟုတ်

မန္တလေးရဲစခန်းသို့ ကိုဆွေဝင်း သွားရောက်အစစ်ဆေးခံမည်မဟုတ်

ရန်ကုန်၊ ဧပြီ ၁ ။          ။ ပုဒ်မ၆၆ (ဃ)နှင့်ပတ်သက်ပြီး မန္တလေးခရိုင်အောင်မြေသာဇံရဲစခန်းက လာရောက်အစစ်ဆေးခံရန် ဆင့်ခေါ်ထားသော်လည်း ဆင့်ခေါ်ခြင်းခံထားရသည့် Myanmar Nowအယ်ဒီတာချုပ် ကိုဆွေဝင်းက မန္တလေးကို သွားမည်မဟုတ်ဟု ပြောကြားသည်။

ယခုလ ၂ရက်တွင် လာရောက်အစစ်ဆေးခံရန် အောင်မြေသာဇံရဲစခန်းက ဆင့်ခေါ်ထားခြင်းဖြစ်သည်။

“အခုခေါ်ယူစစ်ဆေးတာသည် ဥပဒေနဲ့မညီဘူးလို့ ကျနော်တို့ကမြင်တယ်။ ဥပဒေနဲ့အညီမဟုတ်တဲ့အတွက် ကျနော်တို့အနေနဲ့ လိုက်နာဆောင်ရွက်မှာမဟုတ်ဘူး” ဟုကိုဆွေဝင်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

Ba Kaung အမည်ရှိ Facebookစာမျက်နှာတွင် ကိုဆွေဝင်းရေးသားခဲ့သည့် “ဝီရသူပါရာဇိကကျပြီး ရဟန်းဘဝနိဌိတန်သွားပြီ။ ပါရာဇိကကျတာ အခုမှကျတာတော့ မဟုတ်လောက်ဘူး” ဆိုသည့် စာသားများနှင့် ပတ်သက်ပြီး အမှုဖွင့်ခံထားရခြင်းဖြစ်သည်။ ဆရာတော်ဦးဝီရသူ၏ စေခိုင်းချက်အရ ဦးကျော်မျိုးရွှေက ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly