1st Miss Universe Pyay 2015 ပြိုင်ပွဲ သြဂုတ် ၁ ရက် တွင်ပြုလုပ်မည်

1st Miss Universe Pyay 2015 ပြိုင်ပွဲ သြဂုတ် ၁ ရက် တွင်ပြုလုပ်မည်
Miss Universe Pyay 2015 ပြိုင်ပွဲဝင်မာျး  ဓါတ်ပုံ - Miss Universe Pyay  ဖေ့စ်ဘွတ်

ရန်ကုန် ၊ ဇူလိုင် ၂၉ ။        ။ ပြည်မြို့ ကိုယ်စားပြု အဖြစ် ရွေးချယ်မည့် 1st Miss Universe Pyay 2015 ပြိုင်ပွဲကို သြဂုတ် ၁ရက်တွင် ပြည်မြို့ရှိ ယဉ်ကျေးမှုရုံ၌ ကျင်းပ ပြုလုပ် သွား မည် ဖြစ်သည်။

1st Miss Universe Pyay 2015 ပြိုင်ပွဲသည် ပြည်မြို့တွင် ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး Miss Universe Pyay 2015အဖြစ် ရွေးချယ်ခြင်း ခံရသူသည် ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်မည့် Miss Universe  Myanmar 2015 ပြိုင်ပွဲသို့ ပြည်မြို့ ကိုယ်စားပြု အဖြစ် ဝင်ေရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် အလှမယ်များကို ဇူလိုင် ၁၈ ရက်တွင် ပြည်မြို့ Royal Star ခန်းမ၌ လူတွေ့ စစ်ဆေး ခဲ့ပြီး နောက်ဆုံး ဆန်ကာတင် အလှမယ် အယောက် ၂၀ ကို ရွေးချယ် ခဲ့သည်။ ပြိုင်ပွဲဝင် များသည် ဇူလိုင် ၁၉ ရက်မှ စတင်၍ ၃၁ ရက် အထိ စခန်းသွင်း လေ့ကျင့်မည် ဖြစ်သလို သြဂုတ် ၁ ရက်တွင် ပြုလုပ်မည့် ဖိုင်နယ် ပွဲ အတွက် ကြိုတင် လေ့ကျင့် မှု့များ  ပြုလုပ် လျက် ရှိသည်။

ပြိုင်ပွဲတွင် People Choice Award ဆု ချီးမြှင့်မည် ဖြစ်ပြီး ထိုဆု အတွက် ဇူလိုင် ၂၄ရက်မှ စတင်ကာ မဲပေးနိုင် သလို ဇူလိုင် ၃၁ရက် ည ၁၂နာရီတွင် မဲပေးမှု ပိတ်မည် ဖြစ်သည်။

1st Miss Universe Pyay 2015 ပြိုင်ပွဲတွင် Miss Universe Pyay ရရှိသူကို သရဖူ နှင့်အတူ ငွေ ကျပ် ဆယ်သိန်း ၊ 1st runner up ရရှိသူကို ကျပ် ငါးသိန်း ၊ 2nd runner up ရရှိသူကို ကျပ် သုံးသိန်း ဖြင့် အသီးသီး ဆု ချီးမြှင့်မည် ဖြစ်သည်။

Miss Universe Pyay 2015 ပြိုင်ပွဲတွင် ဖျော်ဖြေမှုများ အဖြစ် အဆိုတော် များဖြစ်သည့် ဟဲလေး ၊ အိမ့်ချစ်၊  ထိုက်ထိုက် (Melody world) ၊ ဒီရေတိုး ၊ သရုပ်ဆောင် မော်ဒန် မာရီကိုလ်း တို့နှင့်အတူ Dancer များလည်း  တင်ဆက် ကြမည် ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်မည့် Miss Universe  Myanmar 2015  ပြိုင်ပွဲ အတွက် လာရှိုးမြို့ ကိုယ်စားပြု အဖြစ် Miss Universe Lashio 2015 နန်းငွေနှင်းမူန် ၊ ပဲခူးတိုင်း ကိုယ်စားပြု အဖြစ် Miss universe Bago 2015 ခွန်းနေကြည်ချို ၊ ပုသိမ်မြို့ ကိုယ်စားပြု အဖြစ် Miss Universe Pathein 2015 အိန်ဂျယ်မေ ၊ မုံရွာမြို့ ကိုယ်စားပြု အဖြစ် Miss Universe Monywa 2015 ဇွန်ပြည့်ဖြိုးမော် ၊ မန္တလေးတိုင်း ကိုယ်စားပြု အဖြစ် Miss Universe Mandalay 2015 ဟန်လေး ၊ စစ်တွေမြို့ ကိုယ်စားပြု အဖြစ်   Miss Universe Sittwe 2015 ချိုချိုထွန်း တို့ကို ရွေးချယ်ပြီး ဖြစ်သည်။

Miss Universe  Myanmar 2015  နောက်ဆုံး ပြိုင်ပွဲကို အောက်တိုဘာ ၃ရက်တွင် ရန်ကုန်မြို့ Gandamar Whole Sale ၏ Grand Ball Room ၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး မြို့ကြီး ၁၄မြို့ ကိုယ်စားပြု အလှမယ်များနှင့် ရန်ကုန်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် Finalist Contestants (၆) ဦး စုစုပေါင်း ဆန်ကာတင် အယောက် ၂၀ တို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly