ကြည့်မြင်တိုင် မကျည်းတန်းတောင် အရှေ့ရပ်ကွက် စံပြမဲရုံ၌ မသန်စွမ်းမဲဆန္ဒရှင် တစ်ဝက်ခန့် မဲလာပေး

ကြည့်မြင်တိုင် မကျည်းတန်းတောင် အရှေ့ရပ်ကွက် စံပြမဲရုံ၌ မသန်စွမ်းမဲဆန္ဒရှင် တစ်ဝက်ခန့် မဲလာပေး

ရန်​ကုန်​၊ ဧပြီ ၁ ။          ။ မသန်​စွမ်​းများမဲ​ပေးရာတွင်​ ​အ​ဆင်​​ပြေ​စေရန်​ပြုလုပ်​ထားသည်​့ ကြည်​့မြင်​တိုင်​မြို့နယ်​ရှိ မကျည်​းတန်​း​တောင်​အ​ရှေ့ရပ်​ကွက်​ မဲရုံတွင်​ မဲ​လာ​ရောက်​​ပေးသူမှာ မဲစာရင်းရှိ လူဦးရေ၏ တစ်​ဝက်​ခန်​့ရှိ​ကြောင်​း မဲရုံတွင်​ တာဝန်​ကျ​နေ​သော ရပ်​​ကွက်​နှင့်ကျေးရွာ ​ရွေး​ကောက်​ပွဲ​​ကော်​မရှင်​ ဥက္ကဌ ဦးစိန်​မြ က​ဆိုသည်​။

"​ကျောင်​းသားက (၇၅)​ယောက်​ ကျန်​တာက ဆရာနဲ့ဆို (၈၆)​ယောက်​​ပေါ့ မျက်​မမြင်​အ​နေနဲ့ မဲ​ပေးနိုင်​တာ ဒါ​ပေမဲ့ ဒီ​နေ့ ​​လေးဆယ်​ မျက်​မမြင်​​ကျောင်​းသား (၄၀)​ပေးပြီးမှ ကျန်​တဲ့​ကျောင်​းသား​တွေက မိဘ​တွေ လာ​ခေါ်​သွားကြလို့ ပြန်​သွားကြတယ်" ဟု ကြည်​မြင်​တိုင်​ရှိ ​မကျည်​းတန်​း​တောင်​အ​ရှေ့ရပ်​ကွက်​ ရပ်​​ကျေးကော်​မရှင်​ဥက္ကဌ ဦးစိန်​မြက ​ပြောသည်​။

အဆိုပါ ကြည်​့မြင်​တိုင်​မျက်​မမြင်​​ကျောင်​းတွင်​ မတ်​လသည်​ ​ကျောင်​းပိတ်​ရက်​​ဖြစ်​​နေသည်​့အတွက်​ ရပ်​​ဝေးမှာ ​နေထိုင်​ကြသော ​ကျောင်​းသား​များကို မိဘ​တွေက လာပြန်​​ခေါ်သွားခြင်​းဖြစ်၍ မဲပေးသူ တစ်ဝက်ခန့်သာရှိရကြောင်းကို သူက ရှင်းပြသည်။

၂၀၁၇ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ပါဝင်​လာ​သော စံပြမဲရုံများသည်​ မသန်​စွမ်​းများပါ လာ​ရောက်​မဲ​ပေးရာတွင်​ အဆင်​​ပြေ​စေရန်​ ​ပြုလုပ်​​ပေးထားသည်​့ မဲရုံဖြစ်​သည်​။

ယင်​းစံပြမဲရုံများကို ရန်​ကုန်​မြို့ လှိုင်​သာယာမြို့နယ်​တွင်​(၂)ရုံ၊ ကြည်​့မြင်​တိုင်​မြို့နယ်​တွင်​​(၁)ရ၊ ​ကော့မှူးမြို့နယ်​တွင်​(၁)ရုံ၊ စစ်​ကိုင်​းတိုင်​း မုံရွာမြို့နယ်​တွင်​(၁)ရုံနှင်​့ ချင်​းပြည်​နယ်​ ထန်​တလန်​မြို့နယ်​တွင်​(၁)ရုံ ထားရှိ​ပေးထားသည်​။

ကြည်​့မြင်​တိုင်​မြို့နယ်​ မကျည်​း​တန်​း​တောင်​အ​ရှေ့ရပ်​ကွက်​ရှိ မဲဆန္ဒရုံ အမှတ်​(၂)တွင်​ မဲ​ပေးရန်​စာရင်​းရှိသူ မသန်​စွမ်​း (၈၆​)ယောက်​ ရှိပြီး အမြင်​အာရုံမသန်​စွမ်​း(၄၉)​ယောက်​နှင်​့ ကိုယ်​လက်​အင်္ဂါ မသန်​စွမ်​းသူ တစ်​ဦး မဲလာ​ရောက်​ ပေးခဲ့ကြသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly