မဲစာရင်းမပါသူ ၂၀၀ ကျော်အား မဲပေးခွင့် ရရှိရေး ANP ကြိုးပမ်း

မဲစာရင်းမပါသူ ၂၀၀ ကျော်အား မဲပေးခွင့် ရရှိရေး ANP ကြိုးပမ်း

အမ်း၊ ဧပြီ ၁ ရက်။                   ။ အမ်းမြို့မဲဆန္ဒနယ်မြေအတွင်း ကျင်းပပြုလုပ်လျှက်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တပ်တောင်မြို့ဧရိယာအတွင်းမှ မဲစာရင်းမပါသူ ၂၀၀ ကျော်တို့အား မဲပေးခွင့်ရရှိရေးအတွက် ANP မှ ကြိုးပမ်းနေကြောင်း သိရသည်။

တပ်တောင်မြို့သည် အမ်းမဲဆန္ဒနယ်မြေ၏ တောင်ပိုင်းဒေသတွင်ရှိပြီး မဲရုံပေါင်း ၃၃ ရုံရှိကာ မဲဆန္ဒရှင်ပေါင်း ခန့်မှန်း ၂၀၀၀ ကျော်ခန့်ရှိမည်ဖြစ်ကာ မဲပေးပိုင်ခွင့်ရှိသူ ၂၀၀ ကျော်တို့မှာ စာရင်းတွင်မပါရှိသည့်အတွက် မဲပေးခွင့်များဆုံးရှုံး နေကြကြောင်းသိရသည်။

“တပ်တောင်မှာ မဲဆန္ဒရှင် ၂၀၀ ကျော်စာရင်းထဲမပါလို့ မပေးရဖြစ်နေပါတယ်။ အဲဒီမဲဆန္ဒရှင်တွေ မဲပေးခွင့်ရရှိဖို့ အတွက် ကျွန်တော်တို့ဆီက လွှတ်တော်ကိုယ်စားလှယ်တွေ ကော်မရှင်နဲ့ ဆွေးနွေးနေကြပါတယ်။ ရနိုင်မလားမပြော တတ်ဘူး။”ဟု ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

ယင်းသို့ မဲစာရင်းတွင်မပါရှိသည့် မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေးအတွက် ပြင်ဆင်ပေးနိုင်ရေး ကော်မရှင်သို့ သွားရောက်ညှိနှိုင်းမှုကို အလေးထားဆောင်ရွက်ပေးခြင်း မရှိသည့်အပြင်၊ တပ်တောင်မြို့ မဲဆန္ဒနယ်မြေ အတွင်းရှိ ကော်မရှင်ကလည်း တပ်တောင်မြို့တွင် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို ၎င်းတို့အနေဖြင့် မသိရှိကြောင်းနှင့် သိလိုသည့်အကြောင်းအရာများကို အမ်းမြို့ကော်မရှင်သို့ သွားရောက်မေးမြန်းရန် သတင်းထောက်များကို ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly