ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွှေ့ NLD မျှော်လင့်ချက်ရှိတယ်လို့ ဗိုလ်တထောင်အမတ်ပြော

ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွှေ့ NLD မျှော်လင့်ချက်ရှိတယ်လို့ ဗိုလ်တထောင်အမတ်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွှေ့ ပြည်သူတွေအနေဖြင့် NLD အပေါ် မျှော်လင့်ချက် ဆက်ရှိနေဦးမည်ဟု ဗိုလ်​တစ်​​ထောင်​မြို့နယ်​ ​ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​ ​ဒေါ်မြင်​့မြင်​့စိုးက ၎င်း၏ အမြင်ကို ပြောကြားလိုက်သည်။

"ကျွန်​မတို့ရဲ့​ခေါင်​း​ဆောင်​ ​ဒေါ်​အောင်​ဆန်​းစုကြည်​ရှိ​နေသရွှေ့ လူ​တွေရဲ့ မျှော်လင်​့ချက်​က NLD ​ပေါ်မှာပဲ မျှော်လင်​့​နေတုန်​းရှိပါ​သေးတယ်​" ဟု ​ဒေါ်မြင်​့မြင်​့စိုးက ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ ဒဂုံမြို့သစ်​ (ဆိပ်​ကမ်​း)မှာ မဲလာ​ရောက်​​ပေးစဉ်​​​ပြောကြားခဲ့တာဖြစ်​သည်​။

NLD အစိုးရအ​နေဖြင့် အစိုးရသက်​တမ်​းတစ်​နှစ်​အတွင်​းမှာ ပြည်​သူလူထု​မျှော်လင်​့ထားသကဲ့သို့ အားရ​ကျေနပ်​မှုမရှိ​သော်လည်း ​ပြည်​သူ​များအနေဖြင့် မျှော်လင့်ချက်ရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

"ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ​ NLD အ​နေနဲ့ အပြတ်​သတ်​နိုင်​ဖို့ အ​ရေးကြီးတယ်​။ ဒါမှလည်​း လွှတ်​​တော်​ထဲမှာ အင်​အား​တောင်​့မှာ"ဟု ဗိုလ်​တစ်​​ထောင်​မြို့နယ်​ ​ပြည်​သူ့လွှတ်​​တော်​ ကိုယ်စားလှယ်​   ​ဒေါ်မြင်​့မြင်​့စိုးက ​ပြောသည်​။

လက်ရှိကျင်​းပ​နေသည့် ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင် လစ်​လပ်​မဲဆန္ဒနယ်​ ၁၉​နေရာအတွက်​ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​က ပြည်​သူ့လွှတ်​​တော်​ကိုစားလှယ်​ ၉၊ ဦး အမျိုးသားလွှ​တော်​ကိုယ်​စားလှယ်​ ၃ ဦးနှင်​့ တိုင်​းနှင်​့ပြည်​နယ်​အတွက်​ ၆ ဦး စုစု​ပေါင်​း၁၈ ဦးဝင်​​ရောက်​ယှဉ်ပြိုင်​နေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required