အနောက်ဖက်ကမ်း၌ ဂျူးအခြေစိုက်အိမ်ရာသစ်များ တည်ဆောက်ရန် အစ္စရေးအတည်ပြု

အနောက်ဖက်ကမ်း၌ ဂျူးအခြေစိုက်အိမ်ရာသစ်များ တည်ဆောက်ရန် အစ္စရေးအတည်ပြု

ဂျေရုဆလင်၊ မတ် ၃၁ ။           ။ အစ္စရေးနိုင်ငံက အနောက်ဖက်ကမ်း၌ ဂျူးအခြေစိုက်အိမ်ရာသစ်များ တည်ဆောက်ရန် နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံးအဖြစ် အတည်ပြုလိုက်သည်။

ပါလက်စတိုင်းမြို့ နာဘလုစ်မြို့အနီး ဂူလက်ဇီယွန်ဆိုသော တောင်ထိပ်တွင် အိမ်ရာသစ်များ တည်ဆောက်ရေးကို အစ္စရေးကက်ဘိနက်အဖွဲ့က မတ် ၃၀ ရက်တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

တရားမဝင် မြေနေရာမှ ဖယ်ရှားရှင်းလင်းခဲ့သည့် မိသားစုပေါင်း ၄၀ ကျော်ကို ယင်းနေရာတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်သည်။

အစ္စရေး၏ ယခုလုပ်ရပ်ကို ပါလက်စတိုင်းဖက်က ရှုတ်ချပြစ်တင်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုသည်။

အခြေစိုက်အိမ်ရာများ တည်ဆောက်ခြင်းက်ို ထိန်းထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအား ပြီးခဲ့သည့်လအတွင်းက တိုက်တွန်းခဲ့သည့်ကြားက အစ္စရေးက ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly