ဆိုက်ကားဆရာများအတွက် TriDay လှုပ်ရှားမှုပြုလုပ် (ဒီနေ့ သူ့ကို နားခိုင်းလိုက်တဲ့ သဘောပါပဲ)

ဆိုက်ကားဆရာများအတွက် TriDay လှုပ်ရှားမှုပြုလုပ် (ဒီနေ့ သူ့ကို နားခိုင်းလိုက်တဲ့ သဘောပါပဲ)

မတ်လ ၃၁ ။           ။ ဆိုက်ကားဆရာတွေရဲ့နေ့စဉ်ကြိုးစား အလုပ် လုပ်နေကြတဲ့အပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ TriDay လှုပ်ရှားမှုတစ်ရပ်ကို ဒီကနေ့ မတ်လ ၃၁ ရက် နံနက်ပိုင်းက စမ်းချောင်းမှာ လုပ်ခဲ့ပါတယ်။

ဆိုက်ကားဆရာတွေကို ခရီးသည်နေရာစီးနင်းစေကာ နိုင်ငံခြားသား ၂ ဦးက ဆိုက်ကားနင်းကာ လိုက်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီလို လှုပ်ရှားမှုလုပ်ဖို့ စီစဉ်သူ  Tom  က သူတို့( ဆိုက်ကားဆရာ)ကြိုးစားခဲ့တာတွေက  ဒီနေ့တော့ သက်တောင့်သက်သာ နားနိုင်ဖို့ အတွက်ပါ လို့ ပြောခဲ့ပါတယ်။

“ကျွန်တော်ကတော့ လန်ဒန်ကပါ။  ဒီနေ့ TriDay ရဲ့ စီစဉ်သူတစ်ဦးဆိုလည်း ဟုတ်ပါတယ်။ ဒီနေ့ လုပ်တာကတော့ မတူညီတဲ့ဘက်ကတော့ လုပ်ကြည့်တဲ့သဘောပါပဲ။ လူတော်တော်များများက ဆိုက်ကားဆရာရဲ့ မတူညီတဲ့အမြင်ဘက်ကို မသိကြပါဘူး။ သူတို့အတွက် အကူညီပေးတဲ့ သဘောပါပဲ။ ဆိုက်ကားဆရာတွေက နေ့တိုင်း ဆိုက်ကားနင်းကြတယ်။ ဒီအတွက် ကျွန်တော်တို့ ပြန်လုပ်ပေးနိုင်တာကို လုပ်ပေးတာပါပဲ။ သူတို့နားချိန်ရအောင်ပါ။  သူတို့က နေ့တိုင်းမယုံနိုင်စရာ ကောင်းလောက်အောင် ကြိုးစားနင်းကြတယ်။ ဒီနေ့တော့ သူတို့ သက်တောင့်သက်သာနေရပါပြီ။ ကျွန်တော့အတွက် ဒီလိုနင်းရတာ အခွင့်အလမ်းတစ်ခုလို့ ပြောလို့ရပါတယ်” လို့ Tom က ဆိုပါတယ်။

“ မြန်မာပြည်မှာ အလုပ်အနေအထားပေါ်မူတည်ပြီး မတူညီတဲ့ ရှုထောင့်တွေ ရှိပါတယ်။ လမ်းတွေပေါ်မှာ တွေ့မြင်နိုင်ပါတယ်။ နေ့တိုင်းမြင်တွေ့နေရတာတွေက ခွဲထွက်ပြီး ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဒါက ကောင်းပါတယ်။ ဒါကတော့ ပထမဆုံးပါ။ နောက်တော့ ကျွန်တော်တို့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်နိုင်လိမ့်မယ်ထင်ပါတယ်။ ဆိုက်ကားနင်းရုံမကဘဲ သူတို့ နားချိန်ရဖို့လည်း ကျွန်တော်တို့ လုပ်နိုင်ပါတယ်” လို့ သူက ပြောသွားပါတယ်။

TriDay  လူပ်ရှားမှုက ဆိုက်ကားဆရာများရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝကို နိုင်ငံခြားသားတွေက အသိအမှတ်ပြုချီးကျူးတာ ဖြစ်ပါတယ်။

 “ ကျွန်တော်က Chris Pen ပါ။ Myanmar Journalism Institute ကျောင်းက ဖြစ်ပါတယ်။ ဒီကိုရောက်တာ ၅ လ ရှိပါပြီ။ ကျွန်တော့အခန်းအတွက် ပရိဘောဂတွေကို ဆိုက်ကားနဲ့ သယ်ယူပါတယ်။ ဒီနေ့မှာတော့ သူက ဆိုက်ကားစီးပြီး ကျွန်တော်က နင်းပါတယ်။ ဒါဟာ အသိအမှတ်ပြုမှုတစ်ခုပါပဲ။ ဒါနဲ့ ကျွန်တော်တို့ Triday လုပ်ကြစို့ဆိုပြီး ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ နောက်တစ်ယောက်က ပြောပါတယ်။

သူ့အနေနဲ့ ဆိုက်ကားနင်းရတာ ပျော်နေပုံပေါက်ပြီး ဆိုက်ကားဘဲလ်တီးရတာလည်း အတော်သဘောကျနေပုံရပါတယ်။

“ နင်းရတာ ပျော်ဖို့ကောင်းပါတယ်။ ဟောဒီဘဲလ်ကိုလည်း တီးလိုက်လို့ရပါသေးတယ်။ ဒါက ရိုးရိုးဆိုက်ကားနင်းတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ စီးပွားရေးအလိုက် လူတန်းစားမျိုးစုံရှိပါတယ်။ အမြင့်ကနေ ဟိုးအောက်ခြေိ တွေ့နေရတာ နေ့တိုင်းပါပဲ။ ကျွန်တော်တို့က သူတို့ ပျော်ဖို့ တစ်ခု လုပ်ပေးချင်ပါတယ်။ ဆိုက်ကားဆရာဘာလုပ်လဲ ကျွန်တော်တို့ မြင်နေရပါတယ်။ ဒီအတွက် သူ့ကို အသိအမှတ်ပြုတဲ့သဘောပါ။ သူနေ့တိုင်း ဒါကို နင်းနေရတယ်။ တစ်ခါတလေ ကြိုးစားလုပ်ရတယ်။ ဒီတော့ ဒီနေ့ သူ့ကို နားခိုင်းလိုက်တဲ့ သဘောပါပဲ” လို့ ခရစ္စက ပြောပါတယ်။

“မြန်မာပြည်ကလူတွေက အစိုးရကနေစလို့ အောက်ခြေအထိ အလုပ်တွေ ကြိုးကြိုးစားလုပ်နေကြတာ တွေ့နေရပါတယ်။ ဒီနေ့လုပ်တာက မြန်မာလူမှုအသိုင်းအဝိုင်းနဲ့ ဒီမြို့နယ်အတွက် ကျွန်တော်တို့က ချီးကျူးတဲ့သဘောပါပဲ” လို့ သူက ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly