မန္တလေးသင်္ကြန်ကာလ ပြည်သူ့ဆေးရုံကြီးနှင့် လူမှုကူညီရေးအသင်းများ ပြင်ဆင်ထား

မန္တလေးသင်္ကြန်ကာလ ပြည်သူ့ဆေးရုံကြီးနှင့် လူမှုကူညီရေးအသင်းများ ပြင်ဆင်ထား

 မန္တလေး၊ မတ် ၃၁ ။               ။ မန္တလေးမြို့တွင် သင်္ကြန်ကာလ မတော်တဆမှုများ ကြံုတွေ့ခဲ့ပါက အရေးပေါ် စစ်ဆေးကုသမှု ပေးနိုင်ရန် မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် လူမှုကူညီရေး အသင်းများအနေဖြင့် ၂၄ နာရီ ပတ်လုံး ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

" သင်္ကြန်ကာလအတွင်းမှာ မတော်တဆမှုတွေ ကြံုတွေ့လာရင် ကယ်ဆယ်ကုသမှုတွေ ချက်ခြင်း ပြုလုပ်ပေးနိုင်ဖို့ အရေးကြီးဌာနတွေဖြစ်တဲ့ OPT အရေးပေါ်ဌာန၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာန၊ မျက်နှာမေးရိုးကုသဌာန၊ အရိုးထိခိုက်ဒဏ်ရာဌာန၊ ခွဲစိတ်ကုသဆောင်တွေမှာ လူအင်အား တိုးမြှင့်ချထားပါတယ်။ ဆေးဝါးများ လုံလောက်အောင် စီစဉ်ထားပါတယ်။ ကျန်ဌာနများတွေမှာလည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်"ဟု မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ဆေးနှင့်လူမှု ဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောသည်။

ယခင်နှစ်က မန္တလေးသင်္ကြန်သည် ကျံုးပတ်လည်တွင်သာ အဓိက စည်းကားခဲ့သော်လည်း ယခုနှစ်တွင် ကျုံးတောင်ဘက် (၂၆)လမ်းကို လမ်းလျှောက်သင်္ကြန်၊မနော်ရမ္မံကွင်းတွင် လူငယ်သင်္ကြန်၊ ကန်တော်ကြီး၊တောင်သမန်စသည့် အထင်ကရနေရာအနီးဝန်းကျင်တွင် မဏ္ဍပ်များ ဖြန့်၍ ချထာပေးသည်။

 မန္တလေးမြို့ နေရာအနှံ့တွင် စည်ကားလာနိုင်မည်ဖြစ်ရာ ပြည်သူလူထု ဘေးအန္တရာယ်ကင်းရှင်းစွာ လည်ပတ်နိုင်ရန် စီမံခန့်ခွဲရေး၊လုံခြံုရေး နှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ လုံခြံုရေး တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly