မြန်မာပြည်ရဲ့ နာမည်အကြီးဆုံး ၅ ယောက်ထဲမှာ ပါချင်တဲ့ ခါရာ

မြန်မာပြည်ရဲ့ နာမည်အကြီးဆုံး ၅ ယောက်ထဲမှာ ပါချင်တဲ့ ခါရာ

၂၀၁၄ ခုနှစ်မှာ Mister Asia Myanmar အဖြစ်နဲ့ ဟောင်ကောင်မှာ သွားရောက်ယှဉ်ပြိုင်ပြီးတော့ ဆုငါးဆုရရှိ လာခဲ့တဲ့သူ အခုချိန်မှာတော့ ထူးခြားတဲ့ Character တွေနဲ့ ပရိသတ်ရှေ့ကို   ရောက်ရှိလာတော့မယ့်သူ သူကတော့ မော်ဒယ်သရုပ်ဆောင် ခါရာပါ။ သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့အတွက် မော်ဒယ်လောကကို ရွေးချယ်ခဲ့တာလား ။ ကျွန်မကတော့ ဝေဝေပါ ။ အခုဆိုရင် ခါရာနဲ့ တွေ့ဆုံဖို့အတွက် သူရှိမယ့်နေရာကို ရောက်ရှိနေပါတယ်။ ကျွန်မလက်ထဲမှာတော့ ယိုပီမေးခွန်းငါးခုနဲ့အတူ ယိုပီ Red Chair ရှိနေပါပြီ။

မေး။ ။ ခါရာကို ယိုပီအစီအစဉ်မှာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်ရှင့် ။ ဟုတ်ကဲ့ပါ မင်္ဂလာပါ ပထမဆုံးမေးခွန်း အနေနဲ့ပေါ့နော်။ ဒီအနုပညာရှင်တော်တော်များများက သုပ်ဆောင်တစ်ယောက်ဖြစ်ဖို့အတွက် မော်ဒယ်လောကကို စပြီးခြေလှမ်းကြတယ် ။ ခါရာ့အနေနဲ့ကရော ဒီလိုမျိုး သုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ အတွက် မော်ဒယ်လောကကို စပြီး ရွေးချယ်ခဲ့တာလား ။

ဖြေ။ ။ အဲ့ဒီလိုတော့မဟုတ်ဘူးပေါ့နော်။ သရုပ်ဆောင်တာကို အရင်တည်းကလည်း လုပ်ချင်တယ် ။ ဒါပေမယ့် ကျွန်တော့်မှာလည်း အဲ့ဒီလိုအသိုင်းအဝိုင်းလည်း မရှိဘူးဆိုတော့ ။ ကျွန်တော့်အသိုင်းအဝိုင်းထဲမှာ အနုပညာနဲ့နီးစပ်တဲ့သူမရှိဘူး။  မရှိတော့ မော်ဒယ်ကို ဝင်ပြိုင်တယ် ။ ပြိုင်တယ်ဆိုတာကလည်း သူငယ်ချင်း တွေက တိုက်တွန်းလို့ ဝင်ပြိုင်ဖြစ်သွားတာပေါ့နော်။ အဲ့ဒီလိုနဲ့ ဒီလုပ်ရင်းလုပ်ရင်းနဲ့ ဒီသရုပ်ဆောင်တာကို ပိုပြီးတော့ သဘောကျလာတယ် ။ ကျလာပြီးတော့မှ ဒီဘက်ကိုပဲလုပ်ဖြစ်သွားတယ်။

မေး။ ဟုတ်ကဲ့ပါရှင့် ဒါကတော ့ဒုတိယမေးခွန်းပေါ့နော် ။ ခါရာက အချိန်တွေကို သေသေချာချာ စီမံခန့်ခွဲတတ်တဲ့လူဆိုတော့ ခါရာ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေသာ တစ်စုံတစ်ရောက်ကို ခွဲဝေခွင့်ပေးရမယ်ဆိုရင် ဘယ်လိုလူမျိုးကို ပေးချင်လဲ။

ဖြေ။   ။ ကိုယ်ချစ်တဲ့သူတွေပေါ့။ ကိုယ်ချစ်တဲ့သူတွေ ၊ ကိုယ့်မိဘတွေ ၊ ကိုယ့်သူငယ်ချင်းတွေ ၊ ချစ်သူတွေပေါ့.။ ဟဲဟဲ ချစ်သူပေါ့။

မေး။ ။ ဒါကတော့ ယိုပီရဲ့နံပါတ်သုံးမေးခွန်းပေါ့နော်။ ခါရာ့ရဲ့လက်ထဲမှာသာ အချိန်တွေကို ထိန်းချုပ်နိုင်တဲ့ Remote Control တစ်ခုသာရှိမယ်ဆိုရင် ဘယ်လိုအချိန်တွေကို ခါရာကျော်ပစ်ချင်လဲ။

ဖြေ။    ။ ဘယ်အချိန်တွေကို ကျော်ပစ်ချင်လဲဆိုရင် အမှန်အတိုင်းပြောရရင်တော့ ခက်ခဲတဲ့အချိန်၊ ခက်ခဲတဲ့အချိန်တွေကိုတော့ကျော်ပစ်ချင်တယ်။ ခက်ခဲစိတ်ညစ်ရတဲ့အချိန်တွေအကုန်လုံးကို ကျော်ပစ်ချင်တယ်။ ကိုယ်က အမြဲပျော်ပျော်နေတတ်တဲ့သူဆိုတော့ ပျော်တာကိုပဲ သဘောကျတယ်။

မေး။ ။ နံပါတ်လေးမေးခွန်းပေါ့နော် ။ အခ ုပရိသတ်သိတဲ့ ခါရာ၊ သုပ်ဆောင် ခါရာ ဆိုပြီးတော့ ဖြစ်လာတယ်။ အဲ့ဒီလို ခါရာရဲ့ဖြစ်တည်မှုရဲ့အဓိကအကြောင်းအရင်းက ဘာများဖြစ်မလဲ။

ဖြေ။  ။ အဓိကအကြောင်းအရင်းကတော့ အမြဲမပြတ် ကြိုးစားနေတဲ့ခါရာပေါ့နော် ။ ဘယ်လိုလဲဆိုတော့ ကျွန်တော်က အမြဲတမ်းစဉ်းစားတယ်ဗျ။ ကိုယ့်ကိုကိုလေ။ ဒီနေ့မှာ ကျွန်တော် ဘာဖြစ်နေပြီလဲ။ နောက်နေ့ဆိုရင် ဘယ်လိုနေရာထိ ရောက်နေရမယ် ။ ဒါကတော့ ကိုယ့်ဘယ်သူနဲ့မှ နှိုင်းယှဉ်တာမဟုတ်ဘူး။ ကိုယ့်ရဲ့ဒါကိုယ့်ရဲ့ Target ပေါ့ ။ ကိုယ့်ရဲ့ Target တစ်ခုကို မက်ပြီးတော့ အဲ့ဒီ Target ကို မရမက ရအောင်လုပ်တယ် ။ အဲ့ Target ကို ရောက်ဖို့လည်း ဘယ်အချက်တွေကို ကိုယ်က သင်ယူလေ့လာပြီးတော့မှ ရောက်မယ်ဆိုတာက ရှိသေးတယ်ဆိုတော့ အဲဒါတွေကို အမြဲစဉ်းစားပြီးတော့ ကိုယ့်ကိုကိုလုပ်တယ်။

မေး၊ ။ ယိုပီရဲ့နံပတ်ငါးမေးခွန်းပါရှင့် ။ တကယ်လို့များ ခါရာ အနုပညာအလုပ်သာ ဆက်လုပ်ဖြစ်နေဦးမယ်။ နောင်ဆယ်နှစ်ကြာ အနုပညာလောကထဲမှာသာရှိနေဦးမယ်ဆိုရင် ခါရာ့ကို ညီမတို့ ဘယ်လိုပုံစံမျိုးနဲ့တွေ့ရမလဲ။

ဖြေ။   ။ ဘယ်လိုပုံစံမျိုးနဲ့တွေ့ရမလဲဆိုတော့ နှုတ်ခမ်းမွှေးတွေ၊ မုတ်ဆိတ်မွှေးတွေနဲ့ တွေ့ရမှာပေါ့ ။ ဟဲဟဲ နောက်တာပါ ။ ဒီ နောက်ဆယ်နှစ်လောက်ကြရင်တော့ ဒါ ကျွန်တော် ဒီ မြန်မာနိုင်ငံကပေါ့နော် ။ ဒီနာမည်အကြီးဆုံး ငါးယောက်တည်းမှာ ပါချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly