UNFC ၅ ဖွဲ့လက်မှတ်ထိုးတယ်ဆိုတာ ၀မ်းသာစရာ မက်ဆေ့ချ်ပေးတဲ့ သဘောပါပဲ

UNFC ၅ ဖွဲ့လက်မှတ်ထိုးတယ်ဆိုတာ ၀မ်းသာစရာ မက်ဆေ့ချ်ပေးတဲ့ သဘောပါပဲ
ဓါတ်ပုံ   _ OHCHR, Zaw Htay facebook

မတ်လ ၃၁ ။               ။ နိုင်ငံတော်အတိုင်ပင်ခံံုး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် မဇ္ဈိမသတင်းထောက် စိုးသူအောင်က မေးမြန်းထားပါတယ်။  

မေး။         ။ အတိုင်ပင်ခံရုံးကထုတ်ပြန်တာ UNFC က ၅ဖွဲ့လက်မှတ်ထိုးမယ်ပေါ့။ ဒါပေမယ့် နိုင်ဟံသာက ပြန်ပြောတာ မဟုတ်ဘူးဆိုတော့ ဘယ်လို လွဲချော်မှုတွေရှိနေတာလည်း။

ဖြေ။         ။ သတင်းစကားပေါ့နော် သတင်းစကားက နိုင်းဝင်းလှ ၊ ကမွန်ပြည်သစ် CEC  ပြည်တွင်းရေးရာတာဝန်ခံနိုင်ဝင်းလှသူကနေပြီးတော့ပြောတယ် ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုပြီးပါတယ်။ နောက် သူက ကုမုဒြာကိုလည်းပြောထားတာပေါ့နော် ။ မီဒီယာတစ်ခုတည်းတင်မဟုတ်ဘူး ပြောထားတယ်ပေါ့။ တစ်နှစ်ပြည့်မှာ ၀မ်းသာစရာမတ်ဆေ့ချ်ပေါ့။ ထိုးတာတော့ ထိုးမှာပေါ့။ ဒါပေမယ့် ညှိနှိုင်းတာတွေကတော့ ဆက်လုပ်ရဦးမယ်။ သူတို့ဘက်က UNFC အစည်းဝေးလုပ်ရမယ် ။ ကျွန်တော်တို့ဘက်ကလည်း ပြန်ပြီးတော့ဆွေးနွေးမှုတွေလုပ်ရဦးမှာ ။ ဒါကတော့ နားလည်တယ် ။ သို့သော် တစ်နှစ်ပြည့် မတ်ဆေ့ချ်ပေါ့နော် ၀မ်းသာစရာစကားလေး အဲ့ဒါလေးပေးတဲ့သဘောပါ။

မေး။         ။ မွန်ပြည်သစ်ကတော့ ထိုးမယ်ပြောထားပါတယ်။ တခြား အဖွဲ့တွေဆီကရော သတင်းစကား ဘယ်လိုသိရတာလည်းဗျ။

ဖြေ။         ။ နိုင်ဝင်းလှ ပြောထားတယ်။ ကျွန်တော့် Wall မှာတင်ထားတယ် ။ လက်မှတ်ထိုးမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့။

မေး။         ။ အဲ့ဒါဆိုရင် နိုင်ဝင်းလှပြောတာကို မူတည်ပြီး ထုတ်ပြန်ခဲ့တာလား။

ဖြေ။         ။ ကျန်တဲ့ ပြောတဲ့သူတွေလည်းရှိပါတယ်။ သို့သော် တရားဝင်ကတော့ ဆွေးနွေးပြီးမှပဲ ။ သို့သော် ဒါကတော့ သတင်းကောင်းပေါ့နော် သတင်းကောင်းအနေနဲ့ပေါ့။ ညှိနှိုင်းဆွေးနွေးတာတွေလည်း လုပ်ရဦးမှာပါ။

မေး။         ။ လက်မှတ်ထိုးမယ်ဆိုတဲ့ ၅ဖွဲ့ လုံးနဲ့ ဆွေးနွေးထားတာလားဗျ။

ဖြေ။         ။ ကျွန်တော်တို့က DPN တစ်ခုလုံးနဲ့ ဆွေးနွေးထားတယ်။ UNFC တစ်ခုလုံးပေါ့နော်။ တချို့သောအဖွဲ့တွေတော့ တစ်ဖွဲ့ချင်းဆွေးနွေးမှုတွေ လုပ်တယ်။ သို့သော် မျှော်လင့်စရာတော့ကောင်းတယ်။ သို့သော် ယတိပြတ်တော့ ပြောလို့မရသေးဘူးဆိုတဲ့ အနေအထားတွေ ဖြစ်နေတယ်။

မေး။         ။ ၅ ဖွဲ့ထိုးဖို့က ကျိန်းသေပေမယ့် ယတိပြတ်ပြောလို့ မရသေးဘူးဆိုတဲ့ ပုံစံလားခင်ဗျ။

ဖြေ။         ။ တရားဝင်ဖြစ်စဉ် ရှိဦးမှာပေါ့။ ၉ ချက်မူအားဖြင့် သဘောတူထားတယ်။ အသေးစိတ် ပြန်လုပ်တဲ့အခါမှာ ဘယ်ပုံစံမျိုးလုပ်မလဲ။  NCA ဘယ်လိုထိုးမလဲ။ ဘယ်နေရာရောက်ရင် ဘယ်လိုဆွေးနွေးမလဲ ဒါတွေရှိပါသေးတယ်။

မေး။         ။ ဒါဆိုရင် အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ ၅ ဖွဲ့ထိုးမယ်ဆိုတာကရော။

ဖြေ။         ။ လက်မှတ်ထိုးမှာတော့ မှန်တယ်။ ကြားထဲမှာတော့ ဖြစ်စဉ်တွေရှိပါသေးတယ်။ UNFC ညီလာခံလုပ်ဖို့ သူတို့ရွှေ့ထားတာရှိတယ်။ ရွှေ့ဆိုင်းတာလည်း အထူးသဖြင့် KIA ပေါ့နော်။

မေး။         ။ UNFC ထဲက ကျန်တဲ့အဖွဲ့တွေကရော ဘယ်လိုအခြေနေရှိမလည်း။

ဖြေ။         ။ ကျန်တဲ့အဖွဲ့တွေက နဂိုတုန်းကလည်း ထိုးဖို့ရှိပါတယ်။ ကျွန်တော်တို့အဓိက ညှိနှိုင်းနေရတာက ကချင်ရယ်၊ ရှမ်းရယ် ၊ ကယားရယ်၊ ကရင်နီရယ် ပေါ့နော်။ သဘောတူညီချက်တစ်ခုရှိတယ် မူပေါ့နော်။ မူပိုင်းမှာ UNFC အနေနဲ့ ဆွေးနွေးတဲ့အခါမှာ UNFC က DPN အနေနဲ့ဆွေးနွေးတယ်ပေါ့နော်။ အဖွဲ့လိုက်ဖြစ်စေ တစ်ဖွဲ့ချင်းဖြစ်စေသူတို့ ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ သူတို့မူအားဖြင့်ရှိတယ်ဆိုတာကျွန်တော်သိထားပါတယ်။  UNFC မှာမြောက်ပိုင်း ၃ဖွဲ့ပေါ့နော်။ မြောက်ပိုင်း ၃ ဖွဲ့ကအရင်တုန်းကပါတယ်။ ဒီတိုက်ပွဲတွေ ဖြစ်လာပြီးနောက်ပိုင်း သူတို့က UNFC ကနေ နုတ်ထွက်တယ်ဆိုတာတွေရှိတယ်။ နောက်တစ်ချက်ကကျတော့ UNFC ကနေသွားနေတဲ့လမ်းကြောင်းက NCA လမ်းကြောင်းပဲပေါ့နော်။ ထိုးမဲ့လမ်းကြောင်းကို ဦးတည်နေတာ ဖြစ်တယ်။ ဦးတည်ပြီး ညှိနှိုင်းနေတာ ဖြစ်တယ်။ မူအားဖြင့် NCA ထိုးဖို့ လိုအပ်တာတွေ ညှိနှိုင်းတဲ့သဘောပေါ့။ ဟိုဘက်က မြောက်ပိုင်း ၃ဖွဲ့က NCA ကို လက်မခံဘူးဆိုတာအပြင် UNFC နဲ့ မူအားဖြင့်လည်း ကွဲသွားပြီပေါ့နော်။ နောက်တစ်ချက်က သူတို့ကိုယ်တိုင်လည်း နုတ်ထွက်ကြောင်း ကြေညာထားပြီးသား ဖြစ်တဲ့အတွက် UNFC အားလုံး ပါ၀င်ရေးမှာတော့ နိုင်ဝင်းလှပြောတဲ့အတိုင်း သူတို့ဆုံးဖြတ်ဖို့ အဲ့သဘောပဲ ရှိတော့တယ်။

မေး။         ။ UNFC က ၅ ဖွဲ့့ထိုးမယ်ဆိုတာ မူအားဖြင့် သဘောတူထားတာလား။

ဖြေ။         ။ မူအားဖြင့်တော့ ကျွန်တော်တို့က DPN တစ်ဖွဲ့လုံးနဲ့ သဘောတူထားတယ်။ အချက် ၉ ချက်ရှိတယ်။ တောင်းဆိုချက် ၉ ချက်။ ဘာလည်းဆိုရင် ဒါတွေ ညှိနှိုင်းလို့အဆင်ပြေရင် NCA လက်မှတ် ထိုးသွားမယ် ပြောတယ် ။ နံပါတ် ၉ ချက်ပေါ့။ ထိုးမယ်ဆိုတဲ့ဟာကိုတော့ နှစ်ဦးနှစ်ဘက် မူအားဖြင့် သဘောတူညီထားပြီးသား။ မူအားဖြင့် သဘောတူညီချက်ရပြီးတဲ့နောက် အသေးစိတ်ထပ်လုပ်ရမယ်။ ဆက်ညှိမယ်ဆိုတဲ့ဟာ ရှိမယ်။ JMC ဖြစ်စဉ်ပေါ့နော်  JMC မှာ DPN ကိုယ်စားလှယ်တွေ လာပြီး တွေ့ဆုံဆွေးနွေး ဖိတ်ခေါ်ထားတယ်။ ဒါကဘာကိုလည်းဆိုတော့ အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေမှာ သူတို့ဘယ်လောက်ထိ ဘာတွေလုပ်ရမလည်း ဆိုလိုတာက JMC မှာလည်းဆက်လက်ပြီး သူတို့ရဲ့အတွေးအမြင်တွေ သူတို့ပါ၀င်လာတယ် ။ ကြိုပြီးတော့ JMC ဖြစ်စဉ်နဲ့ တစ်ဖက်မှာလည်း နိုင်ငံရေးမူဘောင် ။ အဲဒါကလည်း ဆက်သွားနေပြီး မူအားဖြင့် သဘောတူထားပြီးသားပေါ့။

မေး။         ။ အဲဒါဆိုရင် ဆွေးနွေးဖို့ကျန်တဲ့ အချက် ၉ ချက်ပြီးမှ ထိုးမယ့်သဘောလား။

ဖြေ။         ။ ဆွေးနွေးဖို့ ကျန်တဲ့ အချက် ၉ချက်ကတော့ ဆက်ဆွေးနွေးရဦးမှာ မူအရတော့ သဘောတူထားတယ် ။ သို့သော် အသေးစိတ်ပေါ့နော်။ ဆွေးနွေးမှာ ။ ဆွေးနွေးတဲ့အခါလည်း အတတ်နိုင်ဆုံး အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်ဖို့တော့ မှန်းထားတယ်။ အဓိကကတော့ UNFC ညီလာခံကိုစောင့်နေတာ ဖြစ်တယ်။

မေး။         ။ လက်မှတ်ထိုးမယ်ဆိုတာက ဘာကိုဆိုလိုတာလဲဗျ။ ထိုးပြီးမှ ကျန်တာ ဆက်ဆွေးနွေးမှာလား။

ဖြေ။         ။ တချိန်တည်း တပြိုင်တည်းသွားရမယ့် လုပ်ငန်းစဉ်တွေရှိတယ်။ ထိုးတာကို ဦးတည်ပြီးသွားမှာပဲ။ အဲဒါကိုတော့ သူတို့ဘက်က အဆင်ပြေတဲ့အချိန်နော်။ အဆင်ပြေတဲ့အချိန်ဆိုတာ UNFC ညီလာခံ ကျင်းပမယ်ဆိုပြီး မှန်းထားတာ။ ပထမက ဒီမတ်လမှာကျင်းပဖို့အဲ့တာကို တချို့အဖွဲ့အစည်းကိစ္စကြောင့် ရွေ့ထားတယ်။

မေး။         ။ အချုပ်ပြောရရင် နိုင်ဟံသာပြောတဲ့စကားက UNFC ကိုယ်စားမပြုဘူးလို့ ဆိုလိုလို့ရလား။

ဖြေ။         ။ သဘောတရားတွေ နိုင်ဟံသာ ပြောတဲ့ဟာတွေ ပြန်ကြည့်လိုက်။ ပြန်ကြည့်လိုက်တဲ့အခါမှပဲ သဘောကတော့ တူတူပါပဲ။ ထိုးမယ့် လမ်းကြောင်းသွားတာပဲ။ ခုနကပြောတဲ့ကြားထဲမှာ ဖြစ်စဉ်လေးတွေ ကျန်သေးတယ်ဆိုတာ သူကပြောချင်တာ။ အဲဖြစ်စဉ်ကျန်သေးတယ်ဆိုတာ ကျွန်တော်တို့က လက်ခံတယ်။ ဖြစ်စဉ်က ရှိသေးတယ်။ ဆိုလိုတာက နိုင်ဟံသာ ပြောတာလည်းမှန်တယ်။ မထိုးဘူးလို့မပြောဘူး။ ထိုးမယ့်လမ်းကြောင်းကိုပဲ သူတို့သွားနေတာ။ သို့သော် ထိုးဖို့အတွက် ဆက်လုပ်ရမယ့် လုပ်ငန်းလေးတွေ ရှိနေသေးတယ်ဆိုတာ သူပြောတာ။ ဆုံးဖြတ်ချက်ကတော့ ဘယ်လို ဆုံးဖြတ်ချက်ချလဲဆိုတော့ နိုင်ဝင်းလှ ပြောထားတဲ့ဟာတွေရှိတယ် ။ နိုင်ဝင်းလှက သူတို့ ဗဟိုကော်မတီ ဖြစ်တယ်။ ပြည်တွင်းရေးရာတာဝန်ခံလည်း ဖြစ်တယ်။ သူ ကိုယ်တိုင်ပြောသွားတာ သူတို့ရဲ့အစည်းအဝေးပြီးမှ ထိုးမယ်ဆိုပြီးထုတ်ပြောတဲ့ မီဒီယာကို ပြောတာရှိပါတယ်။

မေး။         ။ ဟုတ်ကဲ့ခင်ဗျ။ အခုထိ နည်းနည်းဝေဝါးနေတာက မွန်ပြည်သစ်ဘက်က လက်မှတ်ထိုးမယ်ပြောပေမယ့် တခြားအဖွဲ့တွေကြတော့ ထုတ်ပြောတာမရှိလို့ ။ ပြီးတော့ နိုင်ဟံသာလည်း ပြောထားတာရှိတော့ ထိုးမယ်၊ မထိုးဘူးက သို့လောသို့လောဖြစ်နေပါတယ်ခင်ဗျ။

ဖြေ။         ။ ပြောနိုင်တာကတော့ ထိုးဖို့ကတော့ မူအားဖြင့် သူတို့အားလုံးသဘောတူပြီးသား။ ထိုးဖို့ လမ်းကြောင်းသွားမယ်။ ကျွန်တော်တို့ကလည်း ထိုးဖို့အတွက် ပြင်ဆင်ပေးမယ်။ ဒါ အားလုံးက သဘောတူညီချက် ရပြီးသွားပြီ ။ သူတို့ တစ်ဖွဲ့ချင်းမှာပြန်ပြီးတော့ ဆွေးနွေးကြမယ်ဆိုပြီးတော့ ပြောထားတာရှိတဲ့အတွက် တစ်ဖွဲ့ချင်းစီလည်း ဆွေးနွေးတယ်။ ၂၉ ရက်နေ့မှာ သူတို့သဘောတူတယ်ဆိုပြီး ထုတ် ပြောလာတယ်။ ကော်မတီအဖွဲ့ဝင်ပေါ့နော် ။ ထွက်ပြောတယ်။ ပြောတော့ ဟိုဘက်မှာတော့ သူတို့ဘက်မှာ ဘာကျန်လည်းဆိုတော့ UNFC အစည်းဝေးမှာ အဖွဲ့အနေနဲ့ဆက်ပြီး ဆွေးနွေးဖို့ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required