သိမ်​းဆည်​းလယ်​​မြေ ပြန်​မရပါက သဲကုန်​းတစ်​နယ်​လုံး ထွန်​တုံးတိုက်​ပွဲ ပြုလုပ်​မည်​

သိမ်​းဆည်​းလယ်​​မြေ ပြန်​မရပါက သဲကုန်​းတစ်​နယ်​လုံး ထွန်​တုံးတိုက်​ပွဲ ပြုလုပ်​မည်​

ပဲခူး၊ မတ်လ ၃၀ ။              ။ ပဲခူးတိုင်​း ပြည်​ခရိုင်​၊ သဲကုန်​းမြို့နယ်​မှ လယ်​သိမ်​းခံ​တောင်​သူများသည်​ ယခုနှစ်​မိုးရာသီ စပါးစိုက်​ချိန်​အမီ သိမ်​းဆည်​းလယ်​​မြေများ ပြန်​မရပါက ထွန်​တုံးတိုက်​ပွဲ ပြု လုပ်​သွားမည်​ဟု မတ်​လ ၃၀ ရက်​​နေ့ က သတင်​းစာရှင်​းလင်​းပွဲ ပြုလုပ်ခဲ့သည်​။

"အစိုးရက လယ်​ယာ​မြေပြန်​မ​ပေးဘူးဆိုရင်​ ဒီနှစ်​မိုးတွင်​း ထွန်​တုံးတိုက်​ပွဲ လုပ်​သွားမယ်​ ။ကျွန်တော်တို့ လယ်​​မြေတွေ ကျွန်တော်တို့ ပြန်​ပြီးသိမ်​းပိုက်​ရမယ်​"ဟု ​အောင်​ကုန်​း​ကျေးရွာ မှ လယ်​သမား​ခေါင်​း ဆောင်​ ကို​ပေါက်​စ က ဆိုသည်​ ။

၂၀၀၁ ခုနှစ်​တွင်​ သဲကုန်​းမြို့နယ်​ ၊ အောင်​ကုန်​း​ကျေးရွာ ကွင်​းအမှတ်​ ၉၂၁ ၊ ၉၂၃ ၊ ၉၂၄ တို့မှ လယ်​သမား ၁၂၀ ပိုင်​ လယ်​ ၁၁၅၉.၅၅ ဧက ကို ခလရ(၈၀)စစ်​တပ်​က သိမ်​းယူ ခဲ့ပြီး သမ(၃)လိမိတက်​ အမည်​ဖြင်​့ ငါး​မွေးမြူ​ရေးလုပ်​ငန်​းများ လုပ်​ကိုင်​​နေသည်​။

၁၉၉၂ ခုနှစ်​တွင်​ သဲကုန်​းမြို့နယ်​ ကြို့ရသာအုပ်​စု ကန်​ကြီးကုန်​း​ကျေးရွာ ကွင်​းအမှတ်​၇၅၈ ၊ ရ၅၂ မှ လယ်​သမား၂၂ ဦးပိုင်​ လယ်​မြေ ဧက ၁၀၀ ​ကျော်​ကို ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးနှင်​့အဖွဲ့က သိမ်​းယူခဲ့ သည်​ဟု ဆိုသည်။

"အမှန်​တကယ်​ဆို အကျိုးအ​ကြောင်​း ပြန်​ကြားရမယ်​ ။ အခုအချိန်​ထိအ​ကြောင်​းပြန်​ကြားခြင်​းမရှိဘူး ။ မရဘူး​ဟေ့ဆိုရင်​ လိုအပ်​ရင်​ လိုအပ်​သလို ဆန္ဒ​ဖော်​ထုတ်​သွားမယ်​"ဟု ကန်​ကြီးကုန်​း​ကျေးရွာမှ လယ်​သမား​ခေါင်​း​ဆောင်​ ဦး​ဇော်​​ဇော်​က ဆိုသည်​။

လယ်​ယာ​မြေပြန်​လည်​ရရှိ​ရေး အတွက်​ အစိုးရအဆက်​ဆက်​ အသနားခံစာတင်​ပြခြင်​း ၊ ထွန်​တုံး တိုက်​ သပိတ်​စခန်​းဖွင်​့ ၊ ဆန္ဒပြ​တောင်​းဆိုခြင်​းများပြုလုပ်​ခဲ့ ပြီး ထိုလယ်​များကို  လယ်​ယာ​မြေနှင်​့ အခြားမြေများ စုံစမ်​းစစ်​​ဆေး​ရေး​ကော်​မတီက စိစစ်​​နေသည်​။

ထို​နေ့မနက်​ ၁၁ နာရီက သဲကုန်​းမြို့နယ်​ ​အောင်​ကုန်​း​ကျေးရွာ တွင်​ သတင်​းစာရှင်​းလင်​းပွဲ ပြု လုပ်​ခဲ့ရာ ​အောင်​ကုန်​း ၊ ​ကောကြီး ၊ သင်​​တော ၊ ကန်​ကြီးကုန်​း ​ကျေးရွာ တို့မှ လယ်​သိမ်​းခံ​တောင်​သူများ ၊ လယ်​သမားအ​ရေးကူညီသူများ တက်​​ရောက်​ခဲ့ ကြသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly