အမ်ပီတီ မကွေးတွင် ပေ ၆၀၀ အနက်ရှိ စက်ရေတွင်းတူးဖော်လှူဒါန်း

အမ်ပီတီ မကွေးတွင် ပေ ၆၀၀ အနက်ရှိ စက်ရေတွင်းတူးဖော်လှူဒါန်း

ရန်ကုန်၊ မတ် ၃၀ ။            ။ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် MPT သည် ယခုနှစ်အတွင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ဧရာဝတီတိုင်းဒေသကြီးများက ရေရှားပါးသည့်  အပူပိုင်းဒေသ ၁၀ နေရာကို စက်ရေတွင်းများ တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မတ်လ (၂၉) ရက်နေ့က မကွေးမြို့နယ် ရွာဟောင်းကန်ကျေးရွာတွင် ကျပ် သိန်း ၂၀၀ ကျော် တန်ဖိုးရှိ MPT ၏ ရ တွင်းမြောက် ပေ ၆၀၀ အနက်ရှိ စက်ရေတွင်းကို တူးဖော်လှူဒါန်းပေးခဲ့သည်။ အဆိုပါ စက်ရေတွင်းသည် MPT မှ တူးဖော်ပေးခဲ့သည့် တွင်းများထဲမှ အနက်ဆုံးဖြစ်သည်။

ယခုအစီအစဉ်သည် ရေရှားပါးသော နွေရာသီတွင် ရေအခက်အခဲရှိသည့် နေရာများကို ဦးစားပေးလှူဒါန်းသွားမည့်အစီအစဉ်ဖြစ်သည်ဟု MPT ၏ လက်ထောက်အထွေထွေမန်နေဂျာ ဦးမိုးသူရက ပြောသည်။

မကွေးမြို့မှ (၁၀) မိုင်ခန့်ဝေးသည့်  ရွာဟောင်းကန်ကျေးရွာသည် အခြားအပူပိုင်းဒေသကျေးရွာများ နည်းတူ နွေရာသီရောက်ရှိပါက ရေရှားသည့် ဒဏ်ကို ခံရသည့် ရွာတစ်ရွာဖြစ်သည်။ ရွာဟောင်းကန်ကျေးရွာတွင် တောင်သူလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်ဝိုင်းမြက ရွာမှာရေပြတ်ပါက ဒုက္ခရောက်ရပုံကို ပြောပြသည်။

“အခက်ခဲကတော့ ဟိုရှေ့ရွာထိပ်မှာ ရေငန်တွင်းကြီးရှိတယ် ။ ကြိုးကြီးနဲ့ ဆွဲနေတုန်း လိမ့်ပြီးတော ပုံးတွေနဲ့ ထစ်နေလို့ ရေတွင်းထဲကျမသေတာ” ဟု တောင်သူ ဒေါ်ဝိုင်းမြက မဇ္ဈိမသို့ ပြောသည်။

ရေရှားပါးသည့် ဒေသများ၏ ရေအခက်ခဲများကို ဖြေရှင်းနိုင်ရန် MPT မှ သိန်းပေါင်း ၂၁၀၀ အသုံးပြုသွားမည် ဖြစ်ပြီး ယခုအစီအစဉ်ကို MPT သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်ဟု အမည်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags