တေလာဆွစ်လမ်းစဉ်အတိုင်း ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ၌ ဂျက်စတင် တင်ဘာလိတ်ခ် ဖျော်ဖြေမည်

တေလာဆွစ်လမ်းစဉ်အတိုင်း ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ၌ ဂျက်စတင် တင်ဘာလိတ်ခ် ဖျော်ဖြေမည်

ပြီးခဲ့သော ၂၀၁၆ ခုနှစ် ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ၌ တေလာဆွစ်၏ ဖျော်ဖြေမှုများသည် ပြိုင်ပွဲအား ကြည့်ရှုသူ ပရိသတ်များလာအောင် ဆွဲဆောင်နိုင်ခဲ့သောကြောင့် ယခုနှစ် အမေရိကန် ဖော်မြူလာဝမ်း Grand Prix တွင်လည်း ဖျော်ဖြေမည့် နာမည်ကျော်အဆိုတော်အဖြစ် ဂျက်စတင် တင်ဘာလိတ်ခ်အား ပွဲစီစဉ်သူများက ရွေးချယ်ခဲ့သည်။

အော်စကာဆုအတွက် လျာထားခံခဲ့ရသော “Can’t Stop the Feeling” ၏ သီချင်းပိုင်ရှင်ဖြစ်သူ ဂျက်စတင် တင်ဘာလိတ်ခ်သည် မကြာသေးခင်ကမှ ဆယ်ကြိမ်မြောက် ဂရမ်မီဆုကို ပူပူနွေးနွေးရရှိထားသူဖြစ်ပြီး လာမည့် အောက်တိုဘာလ ၂၁ ရက် စနေနေ့တွင် အမေရိကန်ကားပြိုင်ကွင်း COTA ၌ ဖျော်ဖြေမည်ဖြစ်သည်။

ဖော်မြူလာဝမ်းပြိုင်ပွဲအား ကြည့်ရှုသူ ပရိသတ်များ လျော့နည်းလာမှုကို ပြီးခဲ့သောနှစ်က အဆုံးသတ်နိုင်ခဲ့ပြီး တေလာဆွစ်၏ ဖျော်ဖြေမှုကြောင့် စံချိန်တင် ပရိသတ် ၂၆၉၀၀၀ ခန့်ကို ရရှိနိုင်ခဲ့သည်။

“မနှစ်တုန်းက ခမ်းနားပြီးသားပြိုင်ပွဲကြီးကို ပိုမိုကောင်းမွန်စေဖို့အတွက် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ ဒီအားကစားကို စိတ်ပါ၀င်စားလာတဲ့ ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်” ဟု COTA ၏ ဥက္ကဌဖြစ်သူ ဘော်ဘီအက်စတိန်းက ပြောခဲ့သည်။

၂၀၁၇ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲရာသီကို ပြီးခဲ့သောအပတ်က မဲလ်ဘုန်းမြို့တွင် စတင်ခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags