သမ္မတဟောင်း ပက်ဂွမ်ဟေးအား ဖမ်းဆီးရန် သင့်မသင့် တောင်ကိုရီးယားတရားရုံး ဆုံးဖြတ်ချက် ချမည်

သမ္မတဟောင်း ပက်ဂွမ်ဟေးအား ဖမ်းဆီးရန် သင့်မသင့် တောင်ကိုရီးယားတရားရုံး ဆုံးဖြတ်ချက် ချမည်

မတ် ၃၀ ။                ။ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးမှု ဆိုင်ရာစွဲချက်များဖြင့် ရင်ဆိုင်နေရသော တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး အား ဖမ်းဆီးရန် သင့်မသင့် တရားရုံးက ကြားနာစစ်ဆေးကာ ဆုံးဖြတ်ချက် ချပေးသွားတော့မည်ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်အတွက် ကြားနာရန် သမ္မတဟောင်း ပက်မှာလည်း မတ်လ ၃၀ ရက်က ဆိုးလ်မြို့ တရားရုံးသို့  ရောက်ရှိလာခဲ့သည်ဟု လည်း သိရသည်။

ယခုကြားနာမှုမှာ နာရီပေါင်းများစွာ ကြာမြင့်နိုင်မည်ဟု ခန့်မှန်းရပြီး မတ်လ ၃၁ ရက် နံနက်ပိုင်းမတိုင်ခင် ပက် အား ဖမ်းမိန့် ထုတ်သင့်မထုတ်သင့် အဖြေ ကွဲကွဲပြားပြား ချမှတ်ပေးနိုင်လိမ့်မည်ဟုလည်း ယူဆရသည်။

အကယ်၍ အစိုးရရှေ့နေများ၏ တောင်းဆိုချက်ကို လိုက်လျော၍ တရားရုံးကသာ တရားဝင် ဖမ်းဆီးမိန့်ထုတ်လိုက်ပါက သမ္မတ ဟောင်း ပက်အနေဖြင့် ချက်ချင်းပင် ဖမ်းဆီးခံရတော့မည်ဖြစ်ပြီး ထိန်းသိမ်းရေးစင်တာသို့ ခေါ်ဆောင်ခံရနိုင်မည့် အရေးလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly