လန်ဒန်မြို့ စိန့်ပန်ခရက်စ်ဘူတာရုံ၌ သီချင်းသီဆိုဖျော်ဖြေကာ ပရိသတ်များအား မှင်သက်စေခဲ့သည့် ဂျွန်လဲဂျန့်

လန်ဒန်မြို့ စိန့်ပန်ခရက်စ်ဘူတာရုံ၌ သီချင်းသီဆိုဖျော်ဖြေကာ ပရိသတ်များအား မှင်သက်စေခဲ့သည့် ဂျွန်လဲဂျန့်

နာမည်ကျော်အဆိုတော် ဂျွန်လဲဂျန့်သည် လန်ဒန်မြို့လယ်ခေါင်ရှိ စိန့်ပန်ခရက်စ်ဘူတာရုံ၌ သီချင်းသီဆိုဖျော် ဖြေခဲ့ကာ သူ၏ ပရိသတ်များနှင့် ရထားစီးခရီးသည်များကို အံ့သြသင့်မှင်သက်စေခဲ့သည်။

ဂရမ်ဆုဆယ်ဆုရှင် အဆိုတော်ဂျွန်လဲဂျန့်သည် ပဲရစ်မှလာသော ယူရိုစတားရထားပေါ်မှ ဆင်းတော့မည့် အကြောင်းကို တွစ်တာပေါ်၌ ရေးသားခဲ့သည်။

မိနစ်၂၀အတွင်းမှာပဲ သူတင်လိုက်သော စာကြောင်းကြောင့် သာမန်အရပ်သားများအပါအဝင် ခရီးသည်လူအုပ် ကြီးသည် သူ၏ ရှစ်မိနစ်တာ သီချင်းသီဆိုဖျော်ဖြေမှုကို နားဆင်ရန်အတွက် ဘူတာရုံသို့ တဖွဲဖွဲရောက်ရှိလာ ခဲ့ကြသည်။

ဖျော်ဖြေပြီးနောက်တွင် ဂျွန်လဲဂျန့်သည် သူ၏ ပရိသတ်များနှင့် ဆယ်ဖီဓာတ်ပုံရိုက်ချိန်မရှိဘဲ အမည်မသိရသော နေရာသို့ အစောင့်အရှောက်များနှင့် ထွက်ခွာသွားခဲ့သည်။

ဘူတာရုံသို့ ရောက်ရှိလာခဲ့ကြသော လူအုပ်ကြီးသည် ဂျွန်လဲဂျန့်သီဆိုဖျော်ဖြေချိန်၌ အလွန်ကို ကျေနပ်ကြည်နူး ခဲ့ကြသည်။ သို့သော်လည်း ထိုဖျော်ဖြေမှုနှင့် လွဲခဲ့ရသော ပရိသတ်များသည် အလွန်ကို စိတ်ပျက်ဝမ်းနည်းခဲ့ကြ သည်။

ဂျွန်လဲဂျန့်သည် မကြာခင်ရောက်ရှိလာတော့မည့် သူ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ကြေငြာမှုများ ပြုလုပ်လျက်ရှိသည်။ သူသည် လာမည့်စက်တင်ဘာလ၌ ဗြိတိန်သို့ ဂီတဖျော်ဖြေပွဲအတွက်   ပြန်လည်ရောက်ရှိ လာဦးမည် ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly