မွေးဖွားလာမည့် ရင်သွေး အမွှာနှစ်ဦးအတွက် အမ်မယ်လ် နှင့် ဂျော့ကလူးတို့ စိတ်အားထက်သန်စွာ စောင့်နေဟုပြော

မွေးဖွားလာမည့် ရင်သွေး အမွှာနှစ်ဦးအတွက် အမ်မယ်လ် နှင့် ဂျော့ကလူးတို့ စိတ်အားထက်သန်စွာ စောင့်နေဟုပြော

မင်းသားဂျော့ကလူးနေးက အမွှာကိုယ်ဝန်လွယ်ထားရသော သူ၏ ဇနီးသည်အမ်မယ်လ်သည် ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် သူတို့နှစ်ဦးစလုံးသည် အမွှာကလေးနှစ်ဦး ဖွားမြင်တော့မည့်ရက်ကို စိတ်အားထက်သန် စွာ စောင့်ဆိုင်းနေကြကြောင်း ပြောခဲ့သည်။

The Ocean’s 11 ၏ မင်းသားဖြစ်သူ ဂျော့က သူ၏ဇနီးသည်အမ်မယ်လ်သည် အံဖွယ်တစ်ပါးဖြစ်ကြောင်း အင်တာဗျူးတစ်ခု၌ ထုတ်ဖော်ပြောကြားခဲ့ပြီး သူမ၏ ကိုယ်ဝန်နှင့် ပကသက်၍ ကူညီစရာသိပ်မရှိကြောင်း ပြောခဲ့ သည်။

“ သူမ ကျန်းမာရေးအလွန်ကောင်းပါတယ်။ သူမဟာ အံ့ဖွယ်တစ်ပါးပါပဲ။ ကျနော်လုပ်စရာ ထွေထွေထူးထူးမရှိ ပါဘူး။ လက်ဖက်ရည်လေးဖျော်ပေး ဟိုဟာဒီဟာလေး လုပ်ပေးတာကလွဲလို့ ကျနော်ကူညီစရာ သိပ်မလိုပါဘူး” ဟု သူက ပြောခဲ့သည်။ ဒါ့အပြင်သူက အနှီးထုပ်တတ်ကြောင်းနှင့် ဘာတွေတတ်ထားရမည်ကို နားလည်ထား ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဂျော့ကလူးနေး၏ မိခင်ဖြစ်သူ၏ အဆိုအရ အမ်မယ်လ်သည် ယောင်္ကျားလေးနှင့် မိန်းကလေးအမွှာကိုယ်ဝန်ကို  လွယ်ထားရကြောင်း သိရသည်။ ဒါ့အပြင် ထိုအမွှာကလေးနှစ်ဦး ဖွားမြင်ရန် မျှော်လင့်ထားသော အချိန်မှာ ဇွန်လလောက်ဖြစ်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly