ဒေမီယန်ဟာ့စ်ရေးဆွဲသော အဆိုတော်ဂျော့မိုက်ကယ်၏ ပုံတူပန်းချီအား ဒေါ်လာ ၅၈၀၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့

ဒေမီယန်ဟာ့စ်ရေးဆွဲသော အဆိုတော်ဂျော့မိုက်ကယ်၏ ပုံတူပန်းချီအား ဒေါ်လာ ၅၈၀၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့

ပန်းချီဆရာ ဒေမီယန်ဟာ့စ် ရေးဆွဲသော ကွယ်လွန်သွားပြီဖြစ်သည့် နာမည်ကျော်အဆိုတော် ဂျော့မိုက်ကယ်၏ ပုံတူပန်းချီအား ပရဟိတလေလံပွဲ၌ အမေရိကန်ဒေါ်လာ ၅၈၀၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့သည်။

Beautiful George Michael Love Painting ဟု အမည်ပေးထားသော အဆိုပါပုံတူပန်းချီ၏ ရောင်းရငွေများကို HIV နှင့် AIDS ဝေဒနာသည်များအား ကူညီပေးနေသည့် The Goss-Michael ပရဟိတဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဖြစ်သည်။

အဆိုပါ ပရဟိတအဖွဲ့အစည်းကို မိုက်ကယ်နှင့် သူ၏ လက်တွဲဖော်ဟောင်း ကန်နီဂေါ့စ်တို့က အတူတကွ တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။

ဂေါ့စ်က အဆိုပါပုံတူပန်းချီ၏ ဓာတ်ပုံအား အင်စတာဂရမ်၌တင်ခဲ့ပြီး အံ့သြစရာကောင်းလောက်အောင်ပဲ ဒေါ်လာ ၅၈၀၀၀၀ ခန့်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ရေးသားခဲ့သည်။ ဒါ့အပြင် သူက ပန်းချီဆရာ ဒေမီယန်ဟော့စ် ကိုလည်း စူပါစတားတစ်ဦးဖြစ်ကြောင်း ညွှန်းဆိုခဲ့ပြီး ကျေးဇူးတင်ရှိကြောင်း ဖြည့်စွက်ရေးသားခဲ့သည်။

ဂျော့မိုက်ကယ်သည် ပေါ့ပ်ဂီတလောကထဲသို့ Wham ဆိုသော အဖွဲ့အမည်ဖြင့် အဖွဲ့ဝင် အန်ဒရူးနှင့်အတူ နှစ်ဦး သားဝင်ရောက်လာခဲ့ကာ နောက်ပိုင်းတွင် အောင်မြင်သော တစ်ကိုယ်တော်အဆိုရှင်အဖြစ် ရပ်တည်ခဲ့ပြီး ပြီးခဲ့ သောခရစ္စမတ်နေ့က အသက် ၅၃နှစ်အရွယ်၌ ကွယ်လွန်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly