ဖျော်ဖြေပွဲအား တတိယအကြိမ် ထပ်မံရွှေ့ဆိုင်းခဲ့သောကြောင့် ပရိသတ်များ၏ အမျက်နှင့် ရင်ဆိုင်နေရသည့် ဒရိတ်ခ်

ဖျော်ဖြေပွဲအား တတိယအကြိမ် ထပ်မံရွှေ့ဆိုင်းခဲ့သောကြောင့် ပရိသတ်များ၏ အမျက်နှင့် ရင်ဆိုင်နေရသည့် ဒရိတ်ခ်

ကနေဒါနာမည်ကျော် အဆိုတော်ဒရိတ်ခ်သည် အမ်စတာဒမ်၌ ဖျော်ဖြေမည့် ရှိုးပွဲကို ရွှေ့ဆိုင်းခဲ့သောကြောင့် သူ့ကို လာရောက်အားပေးရန်အတွက် ဟော်လန်သို့ ခရီးထွက်လာကြသည့်   ဗြိတိန်ပရိသတ်များ၏ အမျက်ဒေါသနှင့် ရင်ဆိုင်နေရသည်။

ယခုလို ရွှေ့ဆိုင်းမှုသည် သုံးလအတွင်း သုံးကြိမ်မြောက် ရွှေ့ဆိုင်းခြင်းဖြစ်ပြီး ပွဲစီစဉ်သူများကတော့ ကနေဒါ ရက်ပ်အဆိုတော် ဒရိတ်ခ်သည် အဖျားဝေဒနာခံစားနေရပြီး ဆရာဝန်၏ အကြံပြုချက်ကြောင့် ရွှေ့ဆိုင်းရခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

“ခင်ဗျားတို့ကို ဒီညရှိုးပွဲအစီအစဉ် မလုပ်ဖြစ်တော့ကြောင်းကို အသိပေးရမှာ စိတ်မကောင်းပါဘူး။ ဒရိတ်ခ်က ဖျားနေတာပါ။ သူ့ရဲ့ဆရာဝန်က သူ့ကို သီချင်းသီဆိုဖျော်ဖြေခြင်း မလုပ်ဖို့ ပြောထားလို့ပါ” ဟု ပွဲစီစဉ်သူက ပြောခဲ့သည်။

ရက်ရွှေ့ဆိုင်းခဲ့သော ရှိုးပွဲကို ဗုဒ္ဓဟူးနေ့ညတွင် အစားထိုး ဖျော်ဖြေပေးမည်ဖြစ်သည်။ ယခုအမ်စတာဒမ်ရှိုးပွဲ သည် တတိယအကြိမ်မြောက် ရွှေ့ဆိုင်းခံရခြင်းသည်။

ဒရိတ်ခ်သည် အစောပိုင်းတုန်းကလည်း ဇန်နဝါရီ ၂၀ နှင့် ၂၁ ရက်နေ့များတွင် ဖျော်ဖြေရမည့်ရှိုးပွဲများကို ဇန်နဝါရီ ၂၆ နှင့် ၂၇ ရက်နေ့များသို့ ရွှေ့ဆိုင်းခဲ့ဖူးသည်။ သို့သော်လည်း ထိုရှိုးပွဲများကို မတ်လ ၂၇ နှင့် ၂၈ ရက်နေ့များသို့ ထပ်မံရွှေ့ဆိုင်းခဲ့ရသည်။

ထို့ကြောင့် ဒရိတ်ခ်ကို မြင်တွေ့ရဖို့ နယ်သာလန်နိုင်ငံအထိ လာရောက်ခဲ့ကြသော ဗြိတိန်မှ ပရိသတ်များနှင့် အခြားနိုင်ငံမှ ပရိတ်သတ်များသည် မပျော်မရွှင်ဖြစ်ခဲ့ရသည်။ ယခုလို ရွှေ့ဆိုင်းရခြင်းနှင့် ပက်သက်၍ လူမှု မီဒီယာများပေါ်၌ ဒရိတ်ခ်က မှတ်ချက်မပေးရသေးကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags