Galaxy Star Myanmar 2017 အဆိုပြိုင်ပွဲအစီအစဉ်ကို MRTV-4 တွင် ထုတ်လွှင့်မည်

Galaxy Star Myanmar 2017 အဆိုပြိုင်ပွဲအစီအစဉ်ကို MRTV-4 တွင် ထုတ်လွှင့်မည်

ရန်ကုန်၊ မတ် ၂၉ ။            ။ Galaxy Star Myanmar 2017 အဆိုပြိုင်ပွဲအစီအစဉ်ကို ဧပြီ ရ ရက်မှ စတင်၍ အပတ်စဉ် သောကြာနေ့ ည ၉နာရီ ၁၅မိနစ် မှ ၁၀နာရီ ၁၅မိနစ် အတွင်း MRTV 4 ရုပ်သံလိုင်းမှ ထုတ်လွှင့်မည်သည်။

အဆိုပြိုင်ပွဲအစီအစဉ်၏ ရွည်ရွယ်ချက်ကို "မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေကို ပြည်တွင်းမှာ ယှဉ်ပြိုင်တဲ့အခါသာမက နိုင်ငံတကာအဆင့်ထိ ယှဉ်ပြိုင်တဲ့အချိန်တွေမှာပါ လိုအပ်တဲ့ ယုံကြည်မှုတွေကို ပေးစွမ်းချင်တာပါ။ "ဟု Namin Myanmar Co.,Ltd မှ Marketing Director, Samul Kang မှ ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ဂရေဟမ်၊ ဖိုးကာ၊ ဆုန်သင်းပါရ်၊ ဖြူဖြူကျော်သိန်း နှင့် J-Me တို့မှ အကဲဖြတ်ဒိုင်များအဖြစ် ပါ၀င်သွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲ မရောက်ခင်အထိသာ အကဲဖြတ်ဒိုင်များ၏   ရွေးချယ်မှု ရာနှုန်းပြည့် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။

နောက်ဆုံးအဆင့်တွင် ပြိုင်ပွဲဝင်များအား ဒိုင်သူကြီးများနှင့် အတူ Ooredoo အသုံးပြုသူ ပရိတ်သတ်များမှ SMS ဖြင့် Voteပေး ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Ooredoo အသုံးပြုသူများ   ရွေးချယ်မှုကို ၆၀ရာခိုင်နှုန်း ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး ဒိုင်လူကြီးများ၏ ရွေးချယ်မှုမှာ ၄၀ရာခိုင်နှုန်းသာ သက်ရောက်မှုရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံး ရှိ အရည်အချင်းရှိလူငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် တိုင်းနှင့်ပြည်နယ် ၁၅ခုလုံး အရောက်သွားခဲ့ကြောင်း သိရပြီး ယင်းအစီအစဉ်ကို ပါဝင်ယှဉ်ပြိုင်သူပေါင်း ၂၅၀၀၀ကျော်ဖြင့် စတင်ခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly