ပခုက္ကူတွင် သံတံခါးပိ၍ လူတစ်ဦးသေဆုံး

ပခုက္ကူတွင် သံတံခါးပိ၍ လူတစ်ဦးသေဆုံး

ပခုက္ကူ ၊ မတ်၂၈ ။                ။ ပခုက္ကူ စက်မှုဇုန် ၁၀လမ်းရှိ နေအိမ်တစ်အိမ်တွင်  ဆေးသုတ်လုပ်ငန်း လုပ်ကိုင်သည့် အမျိုးသားတစ်ဦး သံတံခါးအား ဆေးသုတ်ရန် ဖွင့်စဉ် သံတံခါးပိ၍ လူတစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု မတ်လ ၂၈ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှ သိရသည်။

အလျှား ၁၅ပေ အမြင့် ရပေ ရှိသည့် သံဘီးတပ်  သံတံခါးအား ဆေးသုတ်ရန် တစ်ဦးတည်း ဆွဲဖွင့်စဉ် အရှိန်မထိန်းနိုင်ဘဲ သံတံခါး ပြုတ်ကျ၍ တံခါးပိကာ ဒါဏ်ရာအပြင်းအထန်ရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်ဖြစ်ပွားစဉ် လိုက်လံကူညီဆောင်ရွက်ခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ပခုက္ကူမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ် ၆/၂၀၁၇ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly