ဖီဖာက မက်ဆီကို (၄)ပွဲပယ် ပြစ်ဒဏ်ချမှတ်

ဖီဖာက မက်ဆီကို (၄)ပွဲပယ် ပြစ်ဒဏ်ချမှတ်
(ဓာတ်ပုံ - အီးပီအေ)

ချီလီနဲ့ ကစားခဲ့တဲ့ ကမ္ဘာဖလားခြေစစ်ပွဲစဉ်မှာ အကူဒိုင်ကို ရိုင်းပျစော်ကားတဲ့စကားတွေ သုံးနှုန်းပြောဆိုခဲ့တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က (၄)ပွဲပယ်လိုက်ကြောင်း အင်္ဂါနေ့က ဆုံးဖြတ်လိုက်ပါတယ်။

ဖီဖာက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အရ မက်ဆီဟာ (၄) ပွဲပယ်နှင့် ဒဏ်ငွေ ပေါင် ၈၁၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ မက်ဆီဟာ အင်္ဂါနေ့က ၂၀၁၈ ကမ္ဘာဖလားခြေစစ်ပွဲစဉ်ဖြစ်တဲ့ ဘိုလီးဗီးယားနဲ့ စတင် လွှဲချော်ခဲ့ပြီးနောက်မှာ ဥရုဂွေး၊ ဗင်နီဇွဲလားနှင့် ပီရူးတို့နဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့် ရမှာမဟုတ်ဘဲ အီကွေဒေါနဲ့ ပွဲစဉ်ကျမှ အာဂျင်းတီနားလူစာရင်းမှာ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ တောင်အမေရိကဇုန် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အဆင့်(၃)မှာ ရပ်တည်နေပြီး (၅)ပွဲကစားဖို့ ရှိနေသေးပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly