တောင်​ယမား​ရေ​လှောင်​တမံ​အောက်​ရှိ ​ကျေးရွာနှစ်​ခု အမြန်​​​ရွှေ ့ပေး​စေလို

တောင်​ယမား​ရေ​လှောင်​တမံ​အောက်​ရှိ ​ကျေးရွာနှစ်​ခု အမြန်​​​ရွှေ ့ပေး​စေလို

မြိုင်၊ မတ်​လ ၂၈ ။            ။ မနှစ်က ကမ်းပါးပြိုခဲ့မှုကြောင့် မ​ကွေးတိုင်​း​ဒေသကြီး၊ မြိုင်​မြို့နယ်​ ၊ ချောင်​းဆုံကြီးအုပ်​စုရှိ တောင်​ယမား​ရေး​လှောင်​တမံ​အောက်​မှ ငါးလင်​း​စေ့နှင်​့​ ပေါက်​ရင်​း​ကျေးရွာနှစ်​ခုကို အမြန်​​ပြောင်​း​​ရွှေ ့ပေး​စေလို​ကြောင်​း ရွာသူရွာသားများထံမှ သိရသည်​်​။

ငါးလင်​း​စေ့နှင်​့​ ပေါက်​ရင်​း​ကျေးရွာနှစ်​ခုမှာ ​တောင်​ယမား​ရေ​လှောင်​တမံ​ရေပိုလွဲ၏ ​မြောက်​ဘက်​တွင်​တည်​ရှိပြီး ယခင်​နှစ်​ မိုးရာသီက မိုးသည်​းထန် စွာရွာသွန်​းခဲ့သဖြင်​့ ​ရေပိုလွဲမှကျ​သော ​ရေများ​ကြောင်​့   ချောင်​း​ရေတိုက်​စား၍ ကမ်​းပါးပြိုမှုဖြစ်​ပွားခဲ့ရာ ရွာနှင်​့ ၁၆၀ ပေသာကွာဝေးကွာကာ စိုးရိမ်​ရ​သောအ​ခြေအ​နေသို့​ရောက်​ရှိ​ခဲ့​ကြောင်​း ​ကျေးရွာ​​ပြောင်​း​ရွှေ ့​ရေး​ကော်​မတီထံမှသိရသည်​။

“ မိုးတွင်​းဆည်​​ရေပြည်​့ချိန်​ဆိိုု ရွာကလူတချို့က တခြားရွာ​တွေသွားအိပ်​ကြတာ။ နဂိုက ငလျင်​​တွေဘာ​တွေ သိပ်​ပြီးမကြားရဘူး။ ယခုဆို မကြာမကြာ ကြား​နေရတယ်​။ ဆည်​​ရေပြည်​့ချိန်​ ငလျင်​လှုပ်​ရင်​ ပိုပြီး အန္တရာယ်​ရှိတယ်​” ဟု ​ပေါက်​ရင်​း​ကျေးရွာမှ ဦးသိန်​းဝင်​းက မဇ္စျိမသို​့​ပြောသည်​။

ထို့ပြင် ဆည်​​ရေများသည်​ ငါးလင်​း​စေ့နှင်​့​ ပေါက်​ရင်​း​ကျေးရွာတို့၌ စိမ့်​ထွက်​​နေ​သော​ကြောင်​့ ​သောက်​သုံး​ရေနှင့်​့အိမ်​သာ​ရေတို့မှာ တဆက်​တည်​းရှိ​နေ၍ ​ရေ​ကောင်​း​ရေသန်​့မရဘဲ ငှက်​ဖျား​ရောဂါ၊ဝမ်​း​ရောဂါများ မကြာခဏ ဖြစ်​ပွား​နေ​ကြောင်​း ဒေသခံရွာသူရွာသားများက ပြောသည်။

“ငှက်​ဖျား​ရောဂါဝင်​ချိန်​ကဆို တခါတ​လေ တစ်​​နေ့ ​လေး​လောင်း​ ၊ ငါး​လောင်​း​သေတာကို ​လေးကြိမ်​​လောက်​ရှိတယ်​” ဟု လက်​ရှိ ငါးလင်​း​စေ့​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦး​မောင်​ဆန်​းက မဇ္စျိမသို့​ ပြောသည်​။

ကျေးရွာ​ပြောင်​း​ရွှေ ့ပေး​စေ​ကြောင်​းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၁ ရက် ရက်​စွဲဖြင်​့ မြိုင်​မြို့နယ်​၊ လွှ​တ်​​တော်​ကိုယ်​စားလှယ်​များမှ သမ္မတထံသို့ လိပ်မူ၍ စာဖြင်​့ တင်​ပြ​ခဲ့​သည်​။

“သူတို့က ဆည်​က မ​ပေါက်​ပါဘူး။​ ရေပိုလွဲကလည်​း သူ့ထုံးစံအတိုင်​းပဲ ​ရေကျတာပါ။ ကျိုး​ပေါက်​မှု အန္တရာယ်​လည်​းမရှိပါဘူး ဆို​ပေမယ်​့ ရွာထဲမှာက ​ရေ​တွေစိမ်​့​နေတာ​လေ။ အဲ​တော့ အမြန်​​ပြောင်​း​ရွှေ့   ပေး​စေချင်​တာ” ဟု မြိုင်​မြို့နယ်​ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​ခင်​ဝင်​း က မဇ္စျိမသို့​ပြောသည်​။

လက်​ရှိအချိန်​၌ လူမှုဝန်​ထမ်​းကယ်​ဆယ်​​ရေးနှင်​့ပြန်​လည်​​နေရာချထား​ရေးဝန်​ကြီးဌာနမှ ၂၀၁၇ ခုနှစ်​ မတ်​ ၂၈ ရက်​စွဲပါစာဖြင်​့ငါးလင်​း​စေ့​ကျေးရွာနှင်​့ ​ပေါက်​ရင်​း​ကျေးရွာတို့ အားသင်​့​တော်​သည်​့​နေရာသို့ တိုင်​း​ဒေသကြီးအစိုးရ၏ စီမံခန်​့ခွဲမှုနှင်​့ ဆောက်​ရွက်​​ပေးသင်​့​ကြောင်​း အ​ကြောင်​းကြားစာရရှိထားပြီး ​ရေသန်​့စင်​​ရေးအတွက်​ ​ရေသန်​့​ဆေးပြားများ​ပေးပို့ထား​ကြောင်​း သိရသည်​။

​​ရေ​လှောင်​တမံသည်​ မ​ကွေးတိုင်​းအတွင်​းတည်​ရှိ​သော်​လည်​်​း ဆည်​​ရေ​သောက်​ဧရိယာမှာ စစ်​ကိုင်​းတိုင်းအတွင်​း တည်​ရှိ​ကြောင်း​သိရသည်​။ တောင်​ယမား​ရေ​ လှောင်​တမံကို ၁၉၉၉ ခုနှစ်​၊ နိုဝင်​ဘာလ ၂၇ ရက်​​နေ့တွင်​ စိုက်​ပျိုး​ရေးနှင်​့ဆည်​​မြောင်​းဝန်​ကြီးဌာနမှ စတင်​တည်​​ဆောက်​ခဲ့ပြီး ၂၀၀၀ ခုနှစ်​ ၊ ဇန်​နဝါရီလတွင်​ ဖွင်​့လှစ်​ခဲ့​ကြောင်​းသိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly