ကျောက်မီးသွေးတွင်း တရားမဝင်တူးဖော်သည့် စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင် နှင့် ၉ဦးကို ထောင် ရနှစ်စီ ချမှတ်

ကျောက်မီးသွေးတွင်း တရားမဝင်တူးဖော်သည့် စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင် နှင့် ၉ဦးကို ထောင် ရနှစ်စီ ချမှတ်

ကျောက်မီးသွေးတွင်းများ တရားမဝင်တူးဖော်သည့် စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင် နှင့်အတူ စုစုပေါင်း ၉ဦးကို ၂၀၁၅ခုနှစ် မြန်မာ့သတ္ထုတွင်းဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၃၀(က)(၅)အရ ထောင်ဒဏ်(၇)နှစ်စီ ကျခံစေရန် မင်းဘူးမြို့နယ်တရားရုံးက အမိန့်ချလိုက်သည်။

၂၀၁၆ ခုနှစ် မေလ ၁၆ရက်တွင် ကျောက်မီးသွေးတွင်းများ တရားမဝင် တူးဖော်နေကြောင်း သတင်းအရ မင်းဘူးမြို့မရဲစခန်းက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားမဝင် ကျောက်မီးသွေးတူးဖော်သူ ၄ဦးကို စစ်ဆေးတွေ့မိသည့်အတွက် ဇွန်လ ၂ရက်တွင် မင်းဘူးမြို့မရဲစခန်း၊ ရဲအုပ်သက်နိင်ဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

မင်းဘူးမြို့နယ်တရားရုံးတွင် ယမန်ကြီး(၂)ပတ်ယူပြီး စစ်ဆေးပေါ်ပေါက်ချက်အရ စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင် ဦးစိန်လင်း(ပါ) ၅ဦးအား ဇူလိုင်လ ၁ရက်၊ နံနက်ပိုင်းက ထပ်မံဖမ်းဆီးပြီး တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly