နှလုံးအမောဖောက် ဝေဒနာခံစားခဲ့ရကြောင်း မင်းသား အန်တိုနီယိုဘန်ဒါရက်စ် ပြောကြား

နှလုံးအမောဖောက် ဝေဒနာခံစားခဲ့ရကြောင်း မင်းသား အန်တိုနီယိုဘန်ဒါရက်စ် ပြောကြား

စပိန်နာမည်ကျော်မင်းသား အန်တိုနီယိုဘန်ဒါရက်စ်က သူသည် ယခုနှစ်အစောပိုင်း၌ နှလုံးအမောဖောက် ဝေဒနာ ခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သူ၏ မွေးရပ်မြေရှိ မာလာဂါမြို့တွင် ကျင်းပသော ရုပ်ရှင်ပွဲတော်၌ အန်တိုနီယိုက သူသည် လွန်ခဲ့သော ဇန်နဝါရီ ၂၆ ရက်နေ့၌ နှလုံးအမောဖောက် ဝေဒနာခံစားခဲ့ရသော်လည်း သိပ်ပြီးမပြင်းထန်ခဲ့ကြောင်းနှင့် ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ကြောင်း ပြောခဲ့သည်။

အသက် ၅၆နှစ်အရွယ်ရှိ အန်တိုနီယိုဘန်ဒါရက်စ်သည် သူ၏ သွေးပြန်ကြောထဲ၌ ပြွန်များသုံးခုခန့် ထည့်ထားခဲ့ရ သော်လည်း ယင်းဖြစ်ရပ်တွင် စိုးရိမ်စရာမရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ဒါ့အပြင် သူသည် လုံးဝ ကောင်းမွန်ကြောင်းနှင့် အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်ရန် အလွန်စိတ်အားထက်သန်နေကြောင်း ပြောခဲ့သည်။

သူသည် မာလာဂါ၌ကျင်းပသော ရုပ်ရှင်ပွဲတော်တွင် မင်းသား၊ ထုတ်လုပ်သူနှင့် ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သော သူ၏ အနုပညာအတွက် တစ်သက်တာအောင်မြင်မှုဆုကို လက်ခံရယူခဲ့သည်။

ဒါ့အပြင် ထိုပွဲ၏ စတိတ်စင်ပေါ်၌ ဆုကိုလက်ခံရယူစဉ်တွင် ဖလာမင်ဂိုအကဖြင့်လည်း ကပြဖျော်ဖြေခဲ့သည်။

မကြာသေးခင်က ဆွစ်ဇာလန်ရှိ ဆေးခန်းသို့ သူသွားရောက်ခဲ့မှုကြောင့် သူ၏ ကျန်းမာရေးအခြေအနေများကို အများက ခန့်မှန်းမှုအမျိုးမျိုး ရှိခဲ့သော်လည်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အန်တိုနီယို၏ ကျန်းမာရေး အခြေအနေသည် အကောင်းပကတိအတိုင်း ရှိနေကြောင်း ပြီးခဲ့သော အပတ်က ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly